Saturday, December 28, 2013

ဖြေပါကွယ်

ရေး - ဇဝါ
ဆို - မေသူ

အင်လျားကန်ကမ်းစပ်ကခုံတန်းလေး
မင်းနဲ့တို့အတူတူ ခဏလောက်ထိုင်ချင်တယ်
အတွဲလေးတွေလျှောက်တဲ့ခရေပင်လမ်းလည်း
မင်းရဲ့လက်ကိုဆွဲ တွဲလျှောက်ချင်ပါရဲ့
စိတ်ကူးယဉ် သိပ်ဆန်နေမှန်းတော့သိတယ်
တို့များက အချစ်ကိုသာ ကိုးကွယ်တယ်
အိုး ဟိုး ဖြေပါကွယ် ဘဝက ဘာများလဲ
မင်းရဲ့အချိန်ဇယားရယ်
တို့ရဲ့အချစ်များစွာထက် အရေးကြီးလားကွယ်
သေချာပြန်စဉ်းစား ဘာမှားလဲ
သိပ်ချစ်တာ သိပေမယ့် တို့ကလိုအပ်နေတာ ဂရုစိုက်မှုလေးပဲ
သိပ်ရှုပ်တဲ့ မင်းအလုပ်တွေကို မေ့ထားရင်း
တို့ရဲ့အနားမှာလေ ခဏရှိစေချင်တယ်
ဝတ္ထုတွေထဲ တို့လေဖတ်ဖူးတဲ့
အချစ်ရဲ့အကြောင်းတွေကို မင်းသိစေချင်ရဲ့
အဓိပ္ပာယ်ရှိချင်မှလည်း ရှိလိမ့်မယ်

တို့များက အချစ်ကိုပဲကိုးကွယ်မယ်

No comments:

Post a Comment