Saturday, December 28, 2013

ဝင်္ကပါ

ဝင်္ကပါ

ရေး - အငဲ၊ လင်းလင်း
ဆို - လင်းလင်း

ဝင်္ကပါ
တိမ်တွေလို လေပြည်လို
လွတ်လပ်တဲ့ဘဝ
အိပ်မက်တို့ ငါခူးဆွတ်မှာ
ကမ္ဘာမြေဟာအလှပဆုံး နုပျိုနေ
ဒါအမှန် ဒါအမှား
ငါသင်ကြာရင်းနဲ့
နေ့ရက်တို့ဟာ
တဖြုတ်ဖြုတ်ကြွေ
မရေရာတာ ဘဝရဲ့ အဓိပ္ပာယ်လား
ပိတ်ဆို့ထားတဲ့ တံတိုင်းကြီးရဲ့နောက်
အထပ်ထပ်ရောက်နေတဲ့ လမ်းမများထဲ
နောက်လှည့်ဖို့လည်းလမ်းစပျောက်ခဲ့
အဆုံးအစမရှိတဲ့ လမ်းများပေါ်ဝဲလည်
ဘဝများစတေးခဲ့တဲ့ လမ်းမကြီးထဲ
နိုးထမရတဲ့ အိပ်မက်ဆိုးကြီးပဲ
ပြန်လိုချင်တယ် အမြင်တိမ်တဲ့ သောကမဲ့ဘဝ
အိပ်မက်တို့ပြန်ပေးပါရစေ
ကမ္ဘာမြေဟာငါနဲ့မသက်ဆိုင်ပါ
ဝင်္ကပါလို ကောက်ကွေ့တဲ့ ကောက်ကျစ်ခြင်းများ

http://mmlyric.blogspot.com/


No comments:

Post a Comment