Saturday, December 28, 2013

မီးအိမ်ကဗျာ

မီးအိမ်ကဗျာ

ရေး - လင်းလင်း
ဆို - လင်းလင်း၊ ချစ်သုဝေ

ကြယ်တွေကြားထဲ ငါတစ်ယောက်ထဲ လမ်းလျှောက်နေရင်း
ငါလမင်းကြီးငေးကြည့်မိတယ်
ခေါ်သံများလား မရေရာတဲ့ စကားပြောသံကြားတယ်
ငါဘေးနားကြည့်မိတယ်

ကမ်းလင့်တဲ့လက်တစ်စုံလား ငါလေ ဖမ်းဆုပ်ကြည့်တဲ့အခါ
အိပ်မက်တို့ဝေဝါး ဒီမိုးချုပ်ညနက်ကမ္ဘာထဲ

(ငါတစ်ယောက်တည်းလမ်းပျောက်နေခဲ့
ဘယ်မှာလဲ လမ်းပြသူရယ် လိုရာမဲ့ညနက်အမှောင်/ကမ္ဘာထဲ
ပြန်လာပါတော့ မီးအိမ်ငယ်)၂

မြူတြွော့းထဲ ကဗျာတွေညည်းတွားသံကြားတယ်
ငါဂရုစိုက်မိတဲ့အခါ ဘယ်သူများလဲ
ညင်သာတဲ့ အပြုံးတစ်ခု ငါတွေ့တယ်
ဒါ သက်တံ့တစ်ခုနောက်မှာ

(ငါတစ်ယောက်တည်းလမ်းပျောက်နေခဲ့
ဘယ်မှာလဲ လမ်းပြသူရယ် လိုရာမဲ့ညနက်အမှောင်/ကမ္ဘာထဲ
ပြန်လာပါတော့ မီးအိမ်ငယ်)၂


http://mmlyric.blogspot.com/


No comments:

Post a Comment