ရေး - လာဇယု
ဆို - လာဇယု
လွင်ပြင်လမ်းထက်လျှောက်လှမ်းခဲ့
ချစ်နေစဉ်တုန်းမှာ
အတူစိုက်ပျိုးခဲ့ရင်ထဲက
ပန်းတွေပွင့်ပြီးသွား
နွေအောက်မှာ နွမ်းခဲ့ပြီ
တို့နှစ်ယောက်ကမ္ဘာလေးရယ်
အရင်လိုမလှပ အဆုံးသတ်သွား
အချိန်တွေတိုင်းပေါ့
ကိုယ့်အနီးဆုံးရှိစေချင်တာ
အကြင်နာတရားများနာကြည်းမှုဖြစ်ကုန်ပြီလား
သံယောဇဉ်ကြိုးများလို
ဖြတ်တောက်နိုင်တဲ့သူ
အနိုင်ယူ ဆုံးဖြတ်လို့
အမြဲအမှတ်တရ ဆွေးရက်များ
ဒီလိုကြုံဆုံလာတိုင်း
မင်းဆီ စိတ်တို့ရောက်လို့
လွမ်းပြီ
မင်းမချစ်လို့ အမုန်းစိတ်တို့
ဝင်ရောက်ကြ
ကိုယ့်အပြစ်ကြောင့် ထားခဲ့တယ်
သံစဉ်များနဲ့ အိပ်မက်တို့
တစ်စစီလွင့်သွား
ကာရန်ပျောက်ရှ ရင်ထဲတော့
မျက်ရည်မြစ်များ
ငွေလမင်းနဲ့ အဝေးကလူ
(အဝေးဆုံးလူ) အချစ်မျက်နှာလေးထင်ကာ
မြင်ယောင်တမ်းတမိ
No comments:
Post a Comment