Thursday, September 12, 2013

Yes or No

ရေး - အယ်ဖြူ၊ ကျော်သူစိုး ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး မနေ့ညက အိပ်မက်ဆိုးတွေမက်တယ် မနက်ကျတော့ မျက်ခုံးများက လှုပ်တယ် အခန်းထဲကတင်ထားတဲ့ ဖန်ခွက်ရယ် လေမတိုက်ဘဲီအတိုင်းပဲကျကွဲတယ် ဒီနေ့ဒီနေ့မှာ သူလေးနဲ့တွေ့ဖို့ အဖြေပေးပါ အဖြေပေးပါ တောင်းထားမိလို့ အိမ်မြောင်ဥကို ကွယ်ကိုင်တွယ်မိသလိုပဲ တစ်ကိုယ်လုံးတုန်နေလို့ တုန်နေလို့ ကယ်ပါဗျို့ ကျွန်တော့မွေးနေ့ (၁၃၄၀) တန်ခူးလဆုတ် ဆယ်သုံးရက်လို့ ပြောတယ် အိမ်ဘေးနားက ဒေါ်ပုမက လက်သည် ကျွန်တော်မွေးတုန်းက အချင်းကစလွယ်နဲ့တဲ့ ဂြိုလ်စီးတွေ ဂြိုလ်နင်းတွေ ကောင်းမကောင်းသိဖို့ ဆရာကြိးရယ် ဆရာကြီးရယ် တွက်ချက်ပေးကပါဦး အချစ်ရေးမှာကွယ် ယတြာလည်းချေမယ် ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုကြုံမှာတုံး Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ် Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ် သံယောဇဉ်တွေက ပြည့်နှက် ရင်ဘတ်ထဲမှာ ရှိတာသိလျှက် ဦးနှောက်ကစဉ်းစား ကြည့်ရင် ငါမင်းကို သိပ်ချစ်တယ်ထင် ဒီတိုင်းပဲပြုံးသွား ရင်ထဲမှာ ရှုံးမလား အနိုင်လိုချင်စိတ်သည် ငါ့အထင် အချစ်အမုန်းကိုခွဲခြား ပြုပြင် ဘဝခရီးလမ်းများစွာထဲလဲ ဒီအချစ်ကပါဝင်ဆဲ အခုလုံးဝဆေးမရှိတဲ့ စိတ်ရောဂါ အချစ်တွေပါပဲ ခံစားချက်ရောထွေးနေတဲ့ ငါ့စိတ်ကရူးနေတုန်းအမြဲ ငါမင်းကိုချစ်နေတော့လည်း အဲဒီရောဂါတစ်ခုပါပဲ သူပေးထားတဲ့ ကောက်ရိုးလေး တစ်မျှင်နဲ့မယ် မျှော်လင့်ချက်ရဲံ တန်ဖိုးလေးတွေရှိတယ် ငါစိုက်ခဲ့တဲ့ အိပ်မက်သစ်ပင်လေးရယ် တစ်နေ့တာ့အရိပ်ရလာ လိမ့်မယ် စိတ်ထဲမှာ မင်းပဲရှိတယ် ရင်ထဲမှာ ရင်ထဲမှာ မပြောင်းလဲဘူးကွယ် ယုံကြည်ပေးပါကွယ် တကယ်ချစ်ပါတယ် ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုတုန်း Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ် Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ်

No comments:

Post a Comment