Friday, September 13, 2013

ကိုယ့်ကြောင့်

ရေး - မင်းချစ်သူ ဆို - စည်သူလွင် တပင်တိုင်ဆင်စွယ်ဘုံနန်းထက် နေထိုင်လာသူအချစ်ဆုံး ဒီလိုထည်ဝါမှုတွေ ဝေးကွာခဲ့ပေါ့ ကိုယ့်ကြောင့် ရွှေရောင်အဆောင်သဉ္ဇာထဲ ရံရွှေတော်တွေရဲ့ကြား ပျော်စရာအိပ်မက်လေးတွေ ကွယ်ပျောက်သွားပေါ့ ကိုယ့်ကြောင့် မိုးအမြင့်ကမင်းရဲ့ဘ၀ကိုဆွဲချမိခဲ့ ကိုယ်စိတ်ကူးထားသမျှတို့ ဖြစ်မလာတဲ့အခါ မှားပြီကွယ် အချစ်ရေကိုယ့်ကြောင့် ရွှေမျက်ရည်ကျ အချစ်ရေကိုယ့်ကြောင့် စိတ်ဆင်းရဲရ ဒါတွေ ကိုယ့်ကြောင့် မင်းမှာတော့ အပြစ်မရှိ အချစ်ရေကိုယ့်ကြောင့် ကိုယ်ကြေကွဲနေပြီ ဟား… ဟာ… ဟာ… ကိုယ်ကြေကွဲနေပြီ အသည်းတွေတုန်ခါနေတဲ့အထိ ရင်မှာနာကျင်နေမိ ဒီအခြေအနေတွေကြုံဖို့ မရည်ရွယ်မှန်းလဲမင်းအသိ ဘယ်လိုကံကြမ္မာနတ်ဆိုး တမင်လာကြံစည်ဖန်တီး ကိုယ်သေသေချာချာဆောက်တည်လာတာ အားလုံးပျက်စီး မိုးအမြင့်ကဆွဲချမိသလို ဖြစ်ပြီကွယ် ဟိုစဉ် ကိုယ့်စိတ်ကူးနဲ့ ဆန့်ကျင်ဘက်တွေဖြစ်ခဲ့တယ် မှားကုန်ပြီပဲ အချစ် အချစ်ရေ တရားခံဟာကိုယ်ပဲနော် အရာရာဟာ ကိုယ့်အမှားပေါ့ ဒါတွေဟာအကုန် ကိုယ့်ကြောင့် အချစ်လေးရယ် ကိုယ့်ကြောင့် အချစ်ရေ ကိုယ့်ကြောင့် တာဝန်မရှိ ကိုယ့်ကြောင့် အသည်းများ အသည်းများကွဲနေပြ

No comments:

Post a Comment