Friday, September 13, 2013

ကူညီချင်တယ်

ရေး - ထူးအိမ်သင် ဆို - ထူးအိမ်သင် လာပါကွယ် လူ့ဘဝက ဒီလိုပဲ မှားယွင့်မှုများနဲ့သာ ပြည့်နှက်နေတယ် ခါးတဲ့ အရက်တစ်ခွက်ပေါ့ကွယ် ငိုမနေနဲ့ ဆုံးရှုံးမှု မှောင်မိုက်ထဲ မှာ အလင်းတစ်ခုတော့ရှိရမယ် တို့လိုက်ရှာမယ် ဘဝရဲ့အဓိပ္ပာယ်ပဲ လာပါကွယ် မိန်းမောလို့ မနေပါနဲ့ အမုန်းများကြောင့် လောကဟာ ညည်းတွားနေတယ် နှစ်သိမ့်မှုပေးရမယ် ငိုမနေနဲ့ မွန်းကျပ်တဲ့ လှောင်အိမ်ထဲ နှလုံးသားများ အဆိပ်သင့်ကာ ကွဲအက်ကုန်မယ် (ဟေး တို့မှာနေလား အမှန်ကိုရှာမယ် မှောင်မိုက်နေလား အလင်းရှာမယ် ငိုကြွေးနေလား ကူညီချင်တယ် အချစ်လေး ဟေး) လာပါကွယ် ဓါးကထက်ပေမယ့် တို့ရရှိမယ့် ပျားရည်စက်ကချိုတယ် အဆိုးထဲက အကောင်းပေါ့ကွယ် (အရှုံးထဲ ကအမြတ်ပေါ့ကွယ်) ငိုမနေနဲ့ သီချင်းတစ်ပုဒ်လောက် ဆိုပါကွယ် တို့ဘဝရဲ့ အကောင်းဆုံး မျှော်လင့်ချက်တွေနဲ့ သီချင်းတစ်ပုဒ်လောက်ပါပဲ(သီချင်းလေး တစ်ပုဒ်ပါပဲ)

No comments:

Post a Comment