Friday, September 13, 2013

ကိုယ်သိထားရက်

ရေး - မေသော် ဆို - ချမ်းချမ်း အိမ်ကိုမပြန်ချင်တဲ့ ကိုယ့်စိတ်တွေရယ် အရင်လို ကိုယ့်အနားဘယ်သူမှမရှိတယ် ပဲ့ကြွေနေဆဲ စိတ်တွေ ကိုယ်ခံစားခဲ့ ဘယ်သူမှမသိလည်း အမှန်ကို မမြင်တဲ့ ကိုယ့်စိတ်တွေရယ် လေနှင်ရာအတိုင်း မျောလွင့်ပါခဲ့တယ် အဆိပ်ပင်လယ်ကြီးထဲမှာ ကိုယ်လေနှစ်မြုပ် အသက်မဲ့ခဲ့တယ် နာကျင်သော နေ့ရက်တွေရယ် နာရီ အချိန်တိုင်းသွေးပျက်အောင် ခြောက်လှန့်သလို အလူးအလိမ့်ပေါ့ကွယ် သေရာပါအောင် ကိုယ့်နှလုံးသားကြေမွသွားတယ် တစ်ကယ်နောက်ဆုံးတော့ ကိုယ်တစ်ယောက်ပါပဲ အတူရှိခဲ့သော နေ့ရက်တွေရယ် အရာရာအကုန်လုံးပြီးပြည့်စုံ တကယ်ကိုလှပနေခဲ့တယ် (အမြဲတမ်း..အမြဲတမ်း) အဖြူရောင်အကြင်နာ ပျောက်ဆုံးသွား ကိုယ့်တို့နှစ်ဦးရဲ့ကမ္ဘာ တကယ်ပျက်စီးခဲ့ ဝေးလွင့်သွားပြီ ကိုယ့်ဘဝမှာအလိုအပ်ဆုံး/ အချစ်ဆုံးမင်းပါ ကိုယ်သိထားလည်းနောက်ကျခဲ့ပြီ ကိုယ်သိထားရက် နောက်ကျခဲ့ပြီ

No comments:

Post a Comment