Friday, September 13, 2013

ကွယ်လွန်ခြင်း

ရေး - အငဲ ဆို - မျိုးကြီး လေဟုန်စီးပြီး ပြေးလို့လှမ်းခဲ့တော့ နေရာဟောင်းလေး ခဏလောက်နားခိုဦး နင်ဟာအဝေးဆုံးထွက်ခွာသွားပြီလို့ မယုံနိုင်သေးဘူး/မယုံရဲဘူး အချစ်ရေ မယုံရဲဘူး ဟိုးအဝေးက တိမ်ပြာထဲ မင်းရှိလားကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ကျေးငှက်တွေမျှော်နေဆဲ မိုးကောင်းကင်ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ကိုယ်ဟာရူးသွပ်သူလား ကိုယ့်နှုတ်ခမ်းလေးအနွေးဆုံး နမ်းလှည့်ဦး ကိုယ့်သီချင်းလေး လိုက်ရွတ်ဆိုလိုက်ဦး ကိုယ့်မျှော်လင့်ချက် အားအင်တွေပေးလိုက် ကဗျာဟောင်းလေး ရင်ထဲ ခံစားကြည့်လိုက် အလင်းစက်တွေ မှောင်နေဆဲ လမ်းပြပါ ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ရင်မှာကိုယ့်မျက်ရည် မျှော်နေဆဲ မိုးကောင်းကင် ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ကိုယ်ဟာရူးသွပ်သူလား ရင်မှာသောကရဲ့မီးတွေကို နင်လာငြိမ်းသတ်လှည့်ပါတော့ အထီးကျန်စွာ ထားခဲ့ပြီး ကွယ်လွန်းခြင်းဟာ ငါ့စိတ်ထဲ မယုံနိုင်တော့ပါလား ဆိတ်ငြိမ်စွာ အိပ်စက်ပြီ ကိုယ့်အချစ်ရေ ဟိုးအဝေးကတိမ်ပြာထဲ မင်းရှိမလား ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား အို ကိုယ့်မျက်ရည် မျှော်နေတယ် မင်းရှိရာ ကြည့်စမ်း မင်းရဲ့ဝိညာဉ်လေးလား တိမ်တွေမင်းဝိညာဉ်လား အဝေးက မင်းဝိညာဉ်လား တိမ်လို နင်လွင့်မျောသွားမလား မယုံရဲဘူး အိုမင်းရဲ့ဝိညာဉ်လေးလား

No comments:

Post a Comment