Friday, September 13, 2013

ကဲလိုက်ဦးဟေ့

ရေး - စိုင်းစိုင်းခမ်းလှိုင် ဆို - စိုင်းစိုင်းခမ်းလှိုင် OK ကျွန်တော်တို့နောက်ဆုံးသီချင်းတစ်ပုဒ်ကိုဆိုဖို့အတွက်အားလုံးကိုစင်ပေါ်ပြန်ပြီးခေါ်ချင်ပါတယ် ဆိုတော့ ကျွန်တော်တို့ဒီသီချင်းကနောက်ဆုံးသီချင်း ဆိုပေးမယ်မပြန်သေးနဲ့ ကျွန်တော်တို့အားလုံးစင်ပေါ်မှာကမယ် မှာကပါ Alright ဖြိုးလေး (သင်္ကြန်မှာအားလုံးကဲလိုက်ကြမယ် ဒီအချိန်မှာရည်းစားလေးတစ်ယောက်တော့လိုတာပဲ တစ်ချို့ကတော့ဥပုသ်စောင့်နေကြတယ် ဒီနှစ်မှာတို့တွေကတော့ကဲလိုက်ဦးမယ်) ပြက္ခဒိန်ကြည့်လိုက်လို့သိလိုက်တာ ဒီနေ့ကဘာနေ့လဲ ဧပရယ် follday အရူးထတဲ့နေ့ပဲ သူငယ်ချင်းတွေဖုန်းဆက် အပြင်ဘက်ကိုလျှောက်ကာသွားကြ ပိတောက်တွေလှိုင်လှိုင်ပွင့် ပုပြင်းနေတယ်ဟေ့ ဒါတန်ခူးလ စာမေးပွဲနောက်ဆုံးနေ့မို့ ကျောင်းထဲမှာရေပက်တာ သင်္ကြန်တောင်မကျသေးဘူး အကုန်လုံးစိုရွှဲသွား ရေစိုတဲ့ကောင်မလေးတွေ ရှေ့ကနေဖြတ်ကာသွားကြ မျက်စိက်ုရှင်ရှင်ထား အနောက်ကလိုက်နေရတာ ဒီနှစ်မှာဘာတွေလုပ်မလဲ ခေါင်းချင်းရိုက်ပြီးတိုင်ပင်လိုက်တယ် ဒီနှစ်မှာဒါတွေလုပ်မယ် မဏ္ဍပ်ထိုးမယ် ကားတစ်စီးကိုအသင့်ပြင်ထားလိုတဲ့အချိန်မှာလျှောက်လည်ဖို့ Speaker တွေအများကြီးအများကြီးဖျော်ဖြေမှာကဒီဂျေဖြိုး Trance ဖွင့်မယ်ဟေ့ တက်ကနိုမကြိုက်ဘူး ဟစ်ဟော့ဖွင့် တစ်ခါတစ်လေကိုရန်မဖြစ်နဲ့ ဘယ်သူကိုမှအချစ်မလျော့သင့် ရေပိုက်က ၁၅၀ ကောင်မလေးတွေဦးစားပေး ဒီနှစ်မှာအားလုံးပေါင်းပြီးကဲလိုက်စို့ဟေ့ (သင်္ကြန်မှာအားလုံးကဲလိုက်ကြမယ် ဒီအချိန်မှာရည်းစားလေးတစ်ယောက်တော့လိုတာပဲ တစ်ချို့ကတော့ဥပုသ်စောင့်နေကြတယ် ဒီနှစ်မှာတို့တွေကတော့ကဲလိုက်ဦးမယ်) အရင်နှစ်တွေတုန်းကတော့ ငါ့မှာရည်းစားလေးနဲ့ ဒီနှစ်မှာတော့ငါ့မှာအတွဲမရှိပါဘက်ပဲ့ ဒီအတိုင်းနေခဲ့ရတာရည်းစားလက်မဲ့ ဒီလိုဆိုမဖြစ်ဘူးအတွဲမရှိတာခက်တယ် မင်းလေးကလိုက်ပါငြိမ်ငြိမ်မနေနဲပ ကိုယ်ကိုလှုပ်ပြီး ခါးလေးလှုပ်ပါ ငြိမ်ငြိမ်မနေနဲ့ ခါးလေးလှုပ်ပြီးကဲလိုက်ဦးဟေ့ မဏ္ဍပ်ကြီးထဲမှာအရောင်စုံတွေသိပ်ကိုများ ဖွင့်ထားတဲ့သီချင်းက ဆူညံပြီးတော့စိတ်လှုပ်ရှား ဒီတစ်ယောက်ကိုလား ဟိုတစ်ယောက်ကိုလား အကုန်လုံးသိပ်ကိုလှ ဘယ်တစ်ယောက်ကိုမှငါရွေးမရ အကုန်လုံးကိုကြိုက်နေတာ ဖုန်းနံပါတ်ပေးပါလား ကိုယ်အိမ်ကျရင်ဖုန်းဆက်မလို့ ပြီးကျတော့မေ့ကာသွား ဒီနံပါတ်တွေခေါင်းထဲမှာရှုပ် Email ပေးမလား စာရွက်ပေါ်မှာရေးထား ရေတွေစိုရွှဲ စုတ်ပြဲသွား ဟွန်း သင်္ကြန်ကျရင်ကားပေါ်ကိုတက်ဟေ့ မနက်ကျရင်လူတွေစု နွေးထွေးသွားဖို့တစ်ယောက်တစ်ခွက်ပေါ့ ချဉ်တဲ့ဂျူ့(Juice) တစ်မြို့လုံးလည်မယ်ဟေ့ မဏ္ဍပ်တွေတစ်ခုပြီးတစ်ခု အိမ်ရှေ့ကဖြတ်ကာသွားတော့ ကားထဲမှာခေါင်းကိုပု လူကြီးတွေရှိနေမလား သူငယ်ချင်းရေကြည့်လိုက်စမ်းပါ ဒယ်ဒီတို့မရှိပါဘူးအေးဆေးပါ ထားပါ နားပါ တချို့တွေမပျော်နိုင်ရည်းစားလေးပျောက်လို့မှိုင် တို့ကတော့ လုံးဝမမှိုင် ထိုင်တာ ငိုင်တာတို့နဲ့မဆိုင် အချစ်သစ်တစ်ယောက်ကိုနှစ်သစ်မှာရှာဖွေစို့ အပြစ်ဖြစ်သွားရင်ခွင့်လွှတ်ပါ ပျော်နေလို့ ဖြူပြာနီဝါ ငါအရာရာဟာမျက်စိအေး ကားတွေပိတ်တော့အနားလေးကိုကပ်မယ်ဟေ့ ပခုံးချင်းတိုက်မိတော့ ဆောရီးပါ တောင်းပန်တယ် ရေပိုက်ကြီးနဲ့ထိုးပါတယ် ဒါတွေကရိုးပါတယ် ဒီလိုတော့မလုပ်ကြပါနဲ့အေးရာအေးကြောင်းပေါ့ အားလုံးခဏမေ့ကဲလိုက်ကြဟေ့ ဒါဒီနှစ်သင်္ကြန်မှာကျွန်တော်တို့ကဲမယ့်အကြောင်းပေါ့ စိတ်ဝင်စားရင်ပြည်လမ်းမကြီးကိုလာခဲ့ပါ စိုင်းစိုင်းတို့မဏ္ဍပ်မှာရေပက်ချင်ရင် ဖုန်းနံပါတ် ၅၄၅ ဗလာဗလာဗလာ ကိုဆက်လိုက်

No comments:

Post a Comment