Friday, September 13, 2013

ခံစားချက်မျက်နှာ

ရေး - ဖိုးဇော် ဆို - ဖိုးဇော် အတွေးနဲ့ညနေခင်းတွေပြန်ကြည့်လိုက် ခေါင်းမော့အားယူ ကောင်းကင်ကြီးအောက်၌ ဘဝတစ်ခု ကျိုးပဲ့လွင့်စင်ပေါက်ကွဲခိုက် ရင်ခုန်သံနာရီတွေက်ု ပြောင်းလဲလိုက် မဆုံးတဲ့ညတွေလရောင်သာတဲ့အခိုက် အသည်းကွဲသီချင်တွေငါ့ရင်ထဲထွေးပိုက် ရိုးသားတဲ့ငါ့အိပ်မက်တွေနောက်ဆုံး၌ ရယ်သံတွေကျယ်လောင်ပါစေ ရက်စက်လိုက် ရင်ခုန်သံခြေရာတွေကို နှုတ်ဆက်လိုက်ပြီဟေ့ ခံစားချက်အစိမ်းရောင်တွေမှားပြီထင်တယ်ဟေ့ ငါကိုယ်တိုင်သိခဲ့ ငါ့အချစ်မေ့မရဘူး အကောင်းဆုံးမနက်ဖြန်တွေသွားပြီထင်တယ်ဟေ့ အသက်မဲ့တဲ့ငါ့ရဲ့မျက်နှာမှန်ထဲကြည့်လိုက် အရိပ်တစ်ခုမင်းဖြစ်စေတယ် တမ်းတခိုက် မွန်းကျပ်တဲ့အသက်ရှုခြင်းတွေရင်ခွင်ထဲ ဒဏ်ရာတွေနံရံပေါ်မှာဆေးဆိုးလိုက် အရောင်စုံတယ်ဝေဒနာတွေကိုမီးရှို့လိုက်ပြီဟေ့ မင်းအပြုံးတွေအဓိပ္ပာယ်ရှိမှန်း ခံနိုင်ရည် ခါးသီးနေ ငါ့မျက်ရည်အရသာရှိမှန်း မ်းဆာလောင်တဲ့အတွေး ခံစားချက်များရင်မှာအပြည့်လေ အတွေးနဲ့ညနေခင်းတွေပြန်ကြည့်လိုက် ခေါင်းမော့အားယူ ကောင်းကင်ကြီးအောက်၌ မွန်းကျပ်တဲ့အသက်ရှုခြင်းတွေရင်ခွင်ထဲ ဒဏ်ရာတွေနံရံပေါ်မှာဆေးဆိုးလိုက် အရောင်စုံတယ်ခြေရာတွေ ငါကိုယ်တိုင်မှားယွင်းခဲ့ သွားပြီထင်တယ်ဟေ့ ငါကိုယ်တိုင်သိခဲ့ ငါ့အချစ်မေ့မရဘူး ငါ့အချစ်မေ့မရဘူး

No comments:

Post a Comment