Wednesday, September 11, 2013

၁၀၀တန်

ရေး - လွှမ်းပိုင် ဆို - လွှမ်းပိုင် အတူတူတွဲံထားတဲ့လက်တွေဘယ်တော့မှမဖြုတ်တော့ဘူးကွာ ဒီလိုအမြဲပြောခဲ့တဲ့မင်းရဲ့စကားတွေယုံကြည်နေဆဲပါ ရင်ခုန်ခြင်းနဲ့အချစ်ရဲ့သက်သေ နင်ပေးတဲ့ကြင်နာတဲ့အနမ်းများဟာ တကယ်ကိုခြောက်သွေ့လွန်းတဲ့ ငါ့ရဲ့ဘဝအတွက် လိုအင်မှုများပါ ပျော်ရွှင်ခြင်းနဲ့အချစ်ကို ရှာတွေ့ပြီ ရင်မှာသိမ်းဆည်းထားမယ် အပျက်အစီးမရှိ ဒီလိုအိပ်မက်များရယ် ငါဆေးစက်များခြယ်တာ အားလုံးနင်ဖျက်စီး အားလုံပြီးဆုံးသွားပေမယ့်လည်း အကုန်မပြောင်းလဲ ချစ်နေဆဲပါ ထာဝရမင်းကငါ့ရဲချစ်သူ အတိတ်မှာထိန်ချန်ကျန်နေဆဲပါ အားလုံးပြီးဆုံးသွားပေမယ့်လည်း အကုန်မပြောင်းလဲရှိနေဆဲပါ ပြုစားတယ် သူ့အားတစ်ကယ် ငါမုန်းမရတော့ချစ်နေရုံပဲ သူနဲ့ယှဉ်ရင် ငါကရာတန်တစ်ရွက်ပါပဲ အရင်က ပျာယာခတ်စွာနဲ့ မင်းဆီကိုသယ်လာ ပြဿနာပဲ ငါ့လိုမစာနာတတ်ပါတဲ့လူနဲ့ ယှဉ်ရင်တော့ သူကအရာရာပိုပြီးထက်ပါတယ် ဟုတ်တယ်မှတ်လား ချစ်သူငါ့ကို ပြောပါမသက်ညှာနဲ့ မင်းပြောသလို ငါကမင်းကို ချစ်တာရယ် ရစ်တာရယ်ကလွဲရင် အမြဲတမ်းကိုအပြစ်ရှာမယ် ဒီလိုမျိုးဖြစ်လာတဲ့ ငါ့စိတ်ကိုလည်း ငါသိပါတယ် တစ်ထစ်ရှိဒါပဲ ပြောနေတဲ့ ငါကမင်းကို အပြစ်မရှိရှာတယ် ဒီလိုဖြစ်ရှိလာတဲ့ ငါ့ရဲ့စိတ်ကိုသည်းခံပါကွယ် ပြောမယ့်အစား အကျဉ်းတန် ပါတယ်ဆိုတဲ့စကားနဲ့ ထိခိုက်လာတယ် တစ်ယောက်နဲ့တစ်ယောက် ကြားထဲမှာလည်း တဖြည်းဖြည်းနဲ့ပိုစိတ်ကနာတယ် အဓိကဘာလဲ နားလည်မှုခွာပြဲ သံသယတွေနဲ့လွန်ဆွဲ အမှားအမှန်ကိုဒွန်တွဲ မခွဲခြားဘဲစွပ်စွဲခဲ့တာတွေ အကုန်လုံးကလည်း ငါ့အပြစ်ပါပဲ နင်မထားခဲ့ပါနဲ့ ငါတားချင်တာပဲ စဉ်းစားတော့ဒါအတ္တပဲ ထင်တိုင်းကိုကောက်ချက်ချစွဲ မင်းကိုအနိုင်ယူခဲ့တာအမြဲ ဒီလိုတစ်ယူသန်တဲ့ ငါနဲ့မင်းနဲ့ မတန်တာအမှန်ပါပဲ ငါ့ဘဝထဲ နင်းဝင်မလာနဲ့ ငါ့အတွက်နင် ဘာသာယာလဲ ငါ့ကြောင့် နင်ငိုနေတာအမြဲ ငါ့ကြောင့်နင်အဆူခံရအမြဲ ဟုတ်တယ်ငါကရှုပ်တယ် ငါ့ကိုမင်းဘဝထဲကထုတ်ပယ် ဒီလိုလူယုတ်ရဲ့လက်ထဲကနေ ပျံပါတော့ကွယ် အမြင့်ကိုအချစ်ရယ် အားလုံပြီးဆုံးသွားပေမယ့်လည်း အရင်လိုမပြောင်းလဲ ချစ်နေဆဲပါ ထာဝရမင်းကငါ့ရဲချစ်သူ အတိတ်မှာထိန်ချန်ကျန်နေဆဲပါ အားလုံးပြီးဆုံးသွားပေမယ့်လည်း အကုန်မပြောင်းလဲရှိနေဆဲပါ အတူတူအမြဲလျှောက်ခဲ့တဲ့ ကျောင်းလမ်းလေးပေါ်ငါလေ လျှောက်နေဆဲပါ အားလုံးပြီးဆုံးသွားပေမယ့်လည်း အကုန်မပြောင်းလဲရှိနေဆဲပါပြုစားတယ် သူ့အားတစ်ကယ် ငါမုန်းမရတော့ချစ်နေရုံပဲ ငါချစ်တယ် ငါမုန်းတယ် ငါချစ်တယ် ငါမုန်းတယ် ငါချစ်တယ်မုန်းလို့မရတော့ချစ်နေရုံ

No comments:

Post a Comment