Thursday, July 18, 2013

အတ္တ

ဆို - မေဆွိ


ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့.. ရေလိုကြည်လင်အေးမြလို့  သာယာနေတဲ့ ကိုယ့်ဘ၀ကို
ဘယ်သူဝင်ကာ ဆေးဆိုးလိုက်ပြီလဲ.. အိုး..... စဉ်းစားမရတော့ဘူး ကိုယ့်စိတ်တွေ
လေထဲမှာလွင့်မျောကာ ထိန်းမရနိုင်ဘူး. ကိုယ့်မျက်လုံးတွေထဲ..
အမြင်တွေ မှုန်ရီဝါး မသဲကွဲတော့ဘူး…

ဆန္ဒများနဲ့  စိတ်ဓါတ်ကိုဖိစီး .. ခန္ဒာကိုယ်က သွေးဆဲလ်နဲ့ … တည်ငြိမ်နေတဲ့ နှလုံသားထဲ
ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ… အိုး… အိပ်လို့ မရတော့ဘူး.. ကိုယ့်ညတွေ…
ရင်မောကာ နေရတာ စိတ္တဇလိုပဲ… ကူညီကြပါအုံး…
ဒီမှာကယောင်ချောက်ခြား အတွေးများနဲ့ ရူး... ရူး..

အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ… ကိုယ့်အရိပ်ကိုယ် ရန်သူထင်တယ်…
ဦးဏှောက်ထဲမှာ လိုချင်တာပဲသိ… ဘယ်အရာတွေ ဘယ်လို…
အို ကောင်းသလား ဆိုးမှာလား.. ကိုယ်ကိုယ်တိုင်လည်း ခွဲခြားမသိတော့ဘူး.
အတ္တများနဲ့  အဆိပ်တက်လို့  အခန်းကျဉ်းထဲမှာ ကိုယ်တစ်ယောက်တည်း ရူး.

No comments:

Post a Comment