Sunday, June 9, 2013

နည်းနည်းလေးချစ်နေပြီ

ရေး - ကိုမျိုး(PTL)
ဆို - မီးမီးခဲ

လွင့်မျောလိုက်တိုင်းအချစ်ဝိညာဉ်ဆီယူငင်ဆွဲဆောင်
မချစ်တတ်ခဲ့တဲ့ အချစ်တစ်ခု အနိုင်ယူသွား
အတွေးများထဲက သိနေပြီ ဖွင့်ပေဖို့ တော့… ခက်နေပီ
ချစ်တတ်မိန်းကလေးတစ်ယောက်ရဲ့ အိပ်မက်လေးပါကွယ်

ဒို့ နည်းနည်းလေးချစ်နေပြီ
တကယ်ပါ ချစ်တတ်တဲ့အသဲကိုယူ
ဒီမှာမိန်းကလေးဘဝမို့ ဟန်ဆောင်ကာ အပြစ်မယူစေချင်ဘူး
နည်းနည်းလေးချစ်နေပြီ
မညာပါ တို့ ဘဝလေးကိုယူ
ရင်မှာဆုံးရှုံးမှုအတွက် ရင်ဆိုင်မယ်/မှာလား အချစ်အတွက်ပဲလေ

အလွမ်းဆိုတဲ့အရာ မတွေ့ ချင်ဘူးလေ တကယ်ကြောက်စရာ
အချစ်တစ်ခုတည်းနဲ့ အားလုံးရင်ဆိုင်မယ်
မောပန်းလွန်းတဲ့အချစ်တွေကို အတူတူအပြုံးလေးများနဲ့ 
ဆီးကြိုမှာ
မိန်းကလေးဘဝမို့ မျှော်ရင်းချစ်နေမယ်

ပန်စဉ်းစားကြည့်ရင်လေ သိပ်ချစ်ခဲ့ဖူးတာမီးလိုပဲ
ရင်မှာပျော်ဝင်နေပြီ အချစ် မလွန်ဆန်နိုင်ဘူး
ထူးဆန်းလွန်းတဲ့ အချစ်ကမ္ဘာထဲ ပြေးထွက်လို့ သွားချင်တယ်
ဒါတွေ ရင်ဆိုင်နိုင်အောင် ကူညီအုံး



No comments:

Post a Comment