Sunday, June 9, 2013

မင်း



ရေး - ရယ်ဂျီ
ဆို - ထူးအယ်လင်း၊ မီးမီးခဲ

ကမ္ဘာလောကကြီးတစ်ခု ရပ်တန့် သွားသလိုပဲ
ငါထင်တယ် မင်းနဲ့ ဆုံတိုင်းလေ
အကြည့်တွေ ရင်ဖိုလှိုက်မောလို့ နေ
သာယာတဲ့ မင်းရဲ့ ရယ်သံလေး ရင်ခွင်ထဲအထပ်ထပ်ကြားယောင်ရင်းနဲ့ 

အသက်ထက်ဆုံးပေါ့ အနားမှာ အမြဲရှိချင်တယ်
ရင်ခွင်ထဲ အထပ်ထပ်ကြားယောင်ရင်းနဲ့ 
မငြိုငင်ဘူး အဆိုးများတွေ့ ပါစေ
ဘဝကို အတူခရီးဆက်မယ်

မင်း နင်ဟာငါ့ဘဝရဲ့ ကောင်းကင်ပဲ
မှောင်မိုက်သောညမှာ ငါ့အတွက် ငွေလမင်းငယ်
မင်း ဘယ်အရာမှ အစားထိုးမရနိုင်ဘူး
အခိုင်မာဆုံး ဘဝရဲ့ ကျောက်ဆောင်မင်းပဲ
ငါ ခိုလှုံရာဟာလည်း မင်းပဲ
ယုံကြည်သေချာတယ် ငါ့ရဲ့ ဘဝဟာမင်းပဲ

မင်း… နင်ဟာငါ့ဘဝရဲ့ ဆုလာဘ်ပဲ
ရင်ဆိုင်တိုက်ခိုက်မယ် မင်းကစုံလင်ခင်းပဲ
မင်း… ဘယ်အရာမှ ပောင်းလဲမပစ်နိုင်ဘူး
အမျှော်လင့်ဆုံး ငါ့ဘဝအဓိပ္ပာယ်မင်းပဲ
ငါ ယုံကြည်ရာလည်း မင်းပဲ

Credit - ဂီတချစ်မြတ်နိုးသူများ စုစည်းရာ Group

No comments:

Post a Comment