Saturday, June 1, 2013

နိုရာ

ရေး  - တီးလေး
ဆို  - ကိုကိုမောင်

အလွမ်းများနဲ့ ဒီအချိန် မင်းကိုငါ ကြယ်စင်များထဲလိုက်လို့ ရှာ
အဖော်ရယ်မပါ ဂစ်တာလေးအနားမှာ သံစဉ်ငိုသံတွေကြားရ
မိုးသားထက်တိမ်တွေများခေါ်ရာ ငါပျံသန်းရင်းလိုက်လို့ှရှာ
ရှောင်ဖယ်ကာ နာကျင်စေပြီလား စာနာခြင်းများနဲ့ 
နင်လေပြန်လာပါ နိုရာ

ငြိမ်းချမ်းမယ့်ရင်ခွင်တစ်ခြားဆီမှာ နင်ပျံသန်းလို့ သွားတဲ့အခါ
အနိုင်မယူသူ ဒီဝဋ်ကွေးများများစွာ အကြိမ်ကြိမ်ငါပြန်လည်ပေးဆပ်
မုန်တိုင်းများနဲ့  ကံကြမ္မာလှိုင်းဒဏ်ရာ တစ်ချိန်မှာ မင်းတွေ့ ရတဲ့အခါ
လည်ပြန်ကာ ကြင်နာနိုင်မှာလား အဖြူရောင်လမ်းလေးထဲ
နင်လေပြန်လာပါ နိုရာ

လေဆန်လမ်းတွေမှာ အတောင်ညောင်းသွားတဲ့အခါ
စောင့်နေခဲ့သူ ငါ့အနားမှာ မင်းပြန်ခဲ့ပါအရာရာ
ကမ်းလင့်ခဲ့သူပါ အဖော်မဲ့သောရင်မှာ အလိုအပ်ဆုံးမင်းပါ
သတိရသေးရင် ပြန်ခဲ့ပါ အချစ်တို့ ဆီသာ
နင်လေပြန်လာပါ နိုရာ
အချစ်တို့ ဆီသာ နင်လေပြန်လာပါ နိုရာ

No comments:

Post a Comment