Thursday, May 2, 2013

အတောင်ပံများနဲ့


ရေး - သော်ဒီဝေ
ဆို - လေးဖြူ

ပင်လယ်ပြင်ကိုဖြတ်ချင်တယ် နှလုံးသားများလည်း လေးလံနေဆဲအချစ်များရေ
ဘဝတစ်ခုအသက်ရှင်နေထိုင် မြစ်တစ်ခုလို ငါ့ရဲ့အချိန်တွေစီးတယ်
ရှေ့ဆက်နိုင်မလား လွတ်လပ်ခြင်းများ လမ်းလျှောက်မိုးကောင်းကင်ထဲ
သိန်းငှက်ရဲ့အတောင်ပံတစ်စုံ ရိုက်ခတ်သံမစဲ စိတ်ဓာတ်ဝိညာဉ်များ
မဲမဲမှောင်နေ ကတိစကားလေးတစ်ခုသေချာနိုင်ပါဦးမလား

စိတ်ချတော့ ချစ်သူရေ လှမ်းခဲ့ပါ့မယ် စိတ်ချလက်ချမင်းထား
စိတ်ချတော့ချစ်သူရေ ဆုံးဖြတ်ချက်များ ဘဝတစ်ခုလုံးပါ
အတားအဆီးများဖြတ်ကျော်ထားခဲ့ မင်းအနားမှာတို့သေချာတယ်
အနီးဆုံးထိရောက်အောင်လာမယ် အားလုံးမင်းအတွက်နိုးနိုး

အနွေးထွေးဆုံးသောအနမ်းတွေ တောက်ပလွန်းတဲ့ အလင်းရောင်စဉ်တန်းများ
(ရှားလား) မိုးသားများရဲ့အောက်မှာပျောက်ဆုံးသွား တို့ဝေးသွားတဲ့တစ်ည
ဘယ်လောက်ဝမ်းနည်းစရာကောင်းလည်း ပေးဆပ်ထားချင်သော
ယုံကြည်ခြင်းမီးလျှံတွေဆွေးစိတ်နဲ့ပဲ ရင်မှာပေကျံ
ဝမ်းနည်းနေမည် မိုးသောက်ယံအချိန် ဆုံးဖြတ်ဖို့ရောက်လို့လာမည်
ကြင်နာနေမယ့် နှလုံးသား အသေအချာ ယုံကြည်မျှော်လင့်ပြီး

စိတ်ချတော့ ချစ်သူရေ လှမ်းခဲ့ပါ့မယ် စိတ်ချလက်ချမင်းထား
စိတ်ချတော့ ချစ်သူရေ ကိုယ့်ရဲ့အချစ်များ စောင့်ကြိုနှင့်တော့
(လုံးဝစောင့်နေ) မိုးသားများကို ထွင်းဖောက်ထွက်ပြီး
အနီးဆုံးရောက်အောင်ပဲ  အရိုးသားဆုံးအချစ်တစ်ခုရှိတယ် စိတ်ချပြီးယူလိုက်
စိုးရွံ့အားငယ်စိတ်များ မေ့ပစ်ထားချင်တယ်
ရင်မှာအကောင်းဆုံးဆုတွေလည်း ခူးဆွတ်ပေးနိုင်မယ်
အလှပဆုံးသော သိန်းငှက်ရဲ့အတောက်ပံတွေ ရိုက်ခတ်လို့နေမယ်
သေချာယုံကြည်မျှော်လင့်ပြီး

စိတ်ချတော့ ချစ်သူရေ လှမ်းခဲ့ပါ့မယ်
စိတ်ချလက်ချမင်းထားစိတ်ချတော့ ချစ်သူရေ
ကိုယ့်စိတ်ဓာတ်များ အဆိုးဆုံးကိုမျှော်လင့်မထား
(အားလုံးကောင်းတယ်)

မင်းအနားမှာ တို့အသေအချာ အားလုံးထိုးဖောက်ရင်း
လုံးဝစိတ်ချထားဖို့ သေချာယုံကြည်ရင်း ချစ်သူရေ ယုံကြည်လိုက်စမ်း
အချစ်ရေ အကြင်နာဆုံး အချစ်ရေ (ဟာ ဟာ ဟာ  အချစ်ရေ)
ကြင်နာသောချစ်သူရေ ချစ်သူရေ

12:18 PM 5/2/2013

No comments:

Post a Comment