Monday, May 13, 2013

ဆောင်းညပုံပြင်

ရေး - မိချမ်း
ဆို - ဥာဏ်လင်းအောင်

Key-


ငါလွင့်ထွက်ခဲ့ပြီကွာ နင်လက်ခုပ်တီးပါလား ရယ်သံတွေထင်ကျန်နေ

အိမ်အပြန်ညနက်တွေထဲမှာ ငါရှုံးနိမ့်ခဲ့ချိန်မှာ နင်စွန့်ပစ်ထွက်ခွာသွား

ငါအမှိုက်တခုဖြစ်ပြီကွာ နင်လွှင့်ပစ်လိုက်တာလား ဒဏ်ရာတွေနာကျင်နေ

နင်အိပ်ဖူးတဲ့ရင်ဘတ်မှာ ငါဒူးထောက်လိုက်ချိန်မှာ နင်နင်းလျှောက်လို့

ရယ်မောသံများပြန်ကြား ပျက်စီးသွားခဲ့ပြီ ဆောင်းညပုံပြင်များ

ဟိုအရင်အတူတူပျော်ဖူးတယ် တူတူနာကျင်ခဲ့ဘူးတယ် ပြန်လိုချင် အိမ်ပြန်ချိန်

အတူတူဆောင်းညပုံရိပ်များ နင်ငိုနေတာချော့ဘူးတယ် ငါပြန်မြင်နေတယ်

ဒီမှာငါ့ရင်ခုန်သံများ ပျက်စီးသွားခဲ့ပြီ ဆောင်းညပုံပြင်များ

ငါလွင့်ထွက်ခဲ့ပြီကွာ အဆုံးသတ်တော့မှာလား ရယ်သံတွေထင်ကျန်နေ

အိမ်ပြန်ညနက်တွေထဲမှာ ငါရှုံးနိမ့်ခဲ့စဉ်မှာ နင်လွှင့်ပစ်လိုက်တာလား

ငါအမှိုက်တခုဖြစ်ပြီကွာ နင်လွှင့်ပစ်လိုက်တာလား ဒဏ်ရာတွေနာကျင်နေ

နင်အိပ်ဖူးတဲ့ရင်ဘတ်မှာ ငါဒူးထောက်လိုက်ချိန်မှာ နင်နင်းလျှောက်လို့

ပြိုလဲကြွေကျကြွေမွ ပျက်စီးသွားခဲ့ပြီ ဆောင်းညအိပ်မက်များ

ဟိုအရင်အတူတူပျော်ဖူးတယ် တူတူနာကျင်ခဲ့ဘူးတယ် ပြန်လိုချင် အိမ်ပြန်ချိန်

အတူတူဆောင်းညပုံရိပ်များ နင်ငိုနေတာချော့ဘူးတယ် ငါပြန်မြင်နေတယ်




ဒီမှာငါ့ရင်ခုန်သံများ ပျက်စီးသွားခဲ့ပြီ ဆောင်းညပုံပြင်များ

ငါလွင့်ထွက်ခဲ့ချိန်မှာ နင်လှည့်မကြည့်တော့ပါလား ငါအမှိုက်တခုဖြစ်ပြီကွာ

နင်လွှင့်ပစ်လိုက်တာလား ငါရှုံးနိမ့်ခဲ့စဉ်မှာ နင်နင်းလျှောက်လို့

ရယ်မောသံများပြန်ကြား ပျက်စီးသွားခဲ့ပြီ ဆောင်းညပုံပြင်များ

နေဝင်တာထိုင်ကြည့်ဘူးတယ် ကန်ဘောင်ပေါ်မှာလျှောက်ဘူးတယ်

ပြန်လိုချင် အိမ်ပြန်ချိန်အတူတူ ဆောင်းညပုံရိပ်များ

နင်မကြင်နာမှာ ကြောက်ဘူးတယ် ငါပြန်မြင်တယ် ဒီမှာငါ့ရင်ခုန်သံများ

ပျက်စီးသွားခဲ့ပြီ ဆောင်ညပုံပြင်များ  ဟိုး ဟိုး



11:01 PM 5/11/2013

No comments:

Post a Comment