Thursday, May 23, 2013

ကျွန်တော့်အကြောင်း

ရေး - အစိုင်း
ဆို - Black Hole

သီချင်းသစ်တွေနားထောင်ရင်းနဲ့ အိမ်အလုပ်ဆိုဘာမှမလုပ်တယ်
၁၂:၀၀ နာရီမှာအိပ်ရာထတယ်
အမေ့တရားသံဆက်ပြီးနားထောင်တယ်

ကျွန်တော့်ချစ်သူလေးကပြောတယ် ပြန်ပြောရင်
ရှက်ဖို့ကောင်းတယ် လက်ထက်ရင်တော့ရင်လေးမယ်
နင်အခုတောင်အလုပ်မှမလုပ်တာတဲ့
ကျွန်တော့်ရဲ့အကြောင်းတွေ

Cho: ဦးဏှောက်ထဲဘာမှမရှိဘဲကမ္ဘာမြေကြီးအကြောင်း
ထိုင်ပြောချင်တယ် လက်တွေ့ကျနိုင်ဖို့ခက်တဲ့
အိပ်မက်ထဲမှာအရိုးစွဲ ဝ မရှိဘဲနင် ဝိ မလုပ်နဲ့
အိမ်နီးချင်းတွေဝိုင်းပြောလည်း
ငါ့အိပ်မက်ထဲ ငါ့အသွေးအသားထဲ ဒီမြူးဇစ်တွေ
စီးဆင်းနေတုန်းပဲ

မထူးခြားတဲ့နေ့စဉ်ဘဝထဲ လေထဲမှာတိုက်ဆောက်
ရင်းနဲ့အိပ်ကပ်ဆိုတဲ့အတိုင်းပဲ
အမြဲလိုအိပ်ကကပ်နေတယ်

ကျွန်တော့်ရဲ့စိတ်ကူးယဉ်အိပ်မက်
ကျွန်တော်ကသူရဲကောင်းကြီးပဲ
မတ်တပ်တောင်မရပ်နိုင်လည်းပဲ
ကမ္ဘာကြီးကိုခေါင်းနဲ့တိုက်ချင်တယ်

ဟေးရီဟေ့ဟေး
လက်ကြောမတင်းတဲ
့ငပျင်းကောင်ကြီးတဲ့

10:00 PM 5/19/2013

No comments:

Post a Comment