Tuesday, May 7, 2013

မင်းကြောင့်ရူး


ရေး - မေသော်
ဆို - ချမ်းချမ်း

မင်းအနားမှာ
အတူနေချင်တဲ့စိတ်တွေရယ်မလွယ်
တကယ်သာဆိုရင်အိပ်မက်တွေပဲပေါ့
မဆုံနိုင်အောင်တို့ဝေးခဲ့ပြီပဲ/ရပြီလား

ထွေးဖက်ကာ
ကြင်နာသောအနမ်းတွေရယ်
ရင်ခုန်သံထိန်းချုပ်ကာသိမ်းထား
ဖြူစင်နေတဲ့အချစ်များပေးခဲ့သလား
အို မေ့မရနိုင်ဘူးလေ

အို/ကိုယ်တမ်းတနေဆဲပါ
မင်းနဲတို့ဘဝရဲ့ဟိုအရင်အချိန်တွေ
စွဲလမ်းလို့/ဝေးခဲ့လို့ နှလုံးသားလေးကြွေခဲ့ပြီလေ
ဟိုးအချစ်ရယ် အမြဲတမ်းပဲအတူနေချင်တယ်
မင်းကြောင့်မလွယ်ဘူး ကိုယ်တကယ်ကိုပဲရူး

ကိုယ့်စိတ်တွေ
ဟိုဒီလေလွင့်ရင်းသာမပျောက်နိုင်
ဝေဒနာကိုအစားထိုးမရနိုင်ခဲ့ဘူး
ဘယ်သူတွေလာပြောပြောနေလည်း
ကိုယ်ချစ်တဲ့အချစ်လေးရယ်
ပစ်မထားနဲ့ပြန်ခဲ့ကွယ်

မင်းကြောင့်မလွယ်ဘူးကိုယ်တကယ်ရူး
ရင်မှာအချစ်ဆိပ်ပြည့်တက်နေတယ်မ
လွယ်ဘူး

မင်းကြောင့်ရူး မင်းအတွက်ရူး မင်းကြောင့်ရူး မင်းအတွက်ရူး မင်းကြောင့်ရူး
(မင်းနဲ့ကိုယ့်ဘဝရဲ့ဟိုအရင်အချိန်တွေ စွဲလမ်းလို့/ထင်ခဲ့လို့
နှလုံးသားလေး ကြွေလည်းကြွေပါစေ/ခဲ့ပြီလေ)

12:54 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment