Monday, May 13, 2013

သီချင်းချစ်သူ

ရေး - အဲလက်စ်
ဆို - အဲလက်စ်

Key - C

    
V.1 မနက်ဖြန်ဆိုရင်လည်း လွမ်းရဦးမယ်

ဘယ်အချိန်ထိ ခံစားလို့နေရမယ် ငါ့ကိုထားခဲ့တာ

ကံကြမ္မာရယ် ရက်စက်လွန်းတော့ ကိုယ်ဝေးပြီ

စူးရှတဲ့ အကြည့်လေးတွေ တမ်းတရင်းလေ

ဟို အရင်အချိန်က ငါ့ရင်ထဲ

ပြောတဲ့စကားလေးတွေ ပြန်လည်ကာကြားယောင်မိတော့ ငါရူးချင်တယ်


V.2 (ဒီအချိန်မှာ ငါလွမ်းနေတာ မင်းမှမရှိတာ

ရင်ခွင်မှာ ငိုကြွေးနေ မင်းမသိတော့ပါ

နောက်ဘဝလဲ စောင့်လို့နေပါ အိုအချစ်ဆုံးလေးရာ

ငါလည်းပဲ တစ်နေ့တော့ မင်းနောက်လိုက်လာခဲ့မှာ)

V.3 အတိတ်ကို ပြန်လည်တွေးရင် မြတ်ဘုရားရဲ့ရှေ့မှာ

လိုချင်တဲ့ ဆုတောင်းလေးတွေ မပြည့်ခဲ့

ရှေ့ကို တွေးကြည့်ပါ ငါဘယ်လိုအသက်တက်ပြီးတော့ ရှင်ရမှာ

မင်းလေးရဲ့ ငိုညည်းသံ ငါကြားမိတိုင်းမှာ

ပြန်လာပါလို့ ပြောချင်လည်း အချစ်ရယ် ငါ့ဘဝမှာ

မပြေနိုင်တဲ့ အလွမ်းတွေအပြည့်နဲ့ ကျန်ခဲ့ပြီကွယ်
(ဒီအချိန်မှာ....လိုက်ခဲ့မှာပါ)

4:25 PM 5/13/2013

No comments:

Post a Comment