Thursday, May 2, 2013

အချစ်၏လက်များဖြင့်


ရေး - မောင်သစ်မင်း
ဆို - လေးဖြူ

မင်းဆံပင်က ဖဲကြိုးလေးတွေ အသာဖြုတ်ပြီး
တိမ်တွေဆီလွှင့်ပစ်လိုက်တဲ့အခါ
ကောင်းကင်ယံကြား မိုးသားထဲကို နင်ကြည့်စမ်း
သက်တံတစ်ခုဖြစ်လာ ဟေး သက်တံတစ်ခုဖြစ်လာ
ညသန်းခေါင်ယံက အားလုံးအိပ်ချိန် ငါတစ်ယောက်တည်း
ကြယ်တွေကိုခူးပြီးကြိုးနဲ့သီ
မင်းလွယ်အိပ်ထဲ ကျောင်းမသွားသေးခင် ယူကြည့်စမ်း
ခရေပန်းတစ်ကုံးတွေ့ရမယ် ဟေး ခရေပန်းတစ်ကုံးတွေ့ရမယ်

အချစ်များဖြင့်ဖန်ဆင်းတဲ့ လက်တွေဟာ
လိုရာအကုန်ဖြစ်စေနိုင်သတဲ့
အချစ်များကစေစားတဲ့ စွမ်းအင်ဟာ
ကမ္ဘာမြေကိုတောင် အချိန်မှန်လှည့်ဆဲ
သစ်ပင်ပေါ်ကသစ်ရွက်များကိုငါခြွေယူပြီး
ညှင်သာစွာ နမ်းရှိုက်လိုက်တဲ့အခါ
မင်းနာမည်များ သစ်ရွက်တိုင်းမှာထင်ပေါ်လာကြ
အားလုံးမင်းမျက်နှာ ဟေး အားလုံးမင်းမျက်နှာ
နေ့စဉ်နေ့တိုင်းလွမ်းရသမျှကို ဖြေနိုင်အောင်လို့
ဘယ်အချိန်မဆို တမ်းတကြည့်လိုက်ပါ
မင်းစာအုပ်ထဲရေးခဲ့သမျှစာ နင်ပြန်ဖတ်စမ်း
အားလုံး ငါ့အချစ်ကဗျာ
ဟေး အားလုံးငါ့အချစ်ကဗျာ

11:14 PM 5/1/2013

No comments:

Post a Comment