Monday, May 13, 2013

မှိုတက်အတွေးအခေါ်များ

ရေး - မိုးမင်းအိမ်
ဆို - အောင်ခန့်

Key-E
Intro: (E G D E G A)2
      E        G              C
V.1 ငါတွေးထားတာဟာ ကမ္ဘာကြီးတစ်ခုစာပါ
A
အိပ်မက်များစွာ မက်ခဲ့ဖူးချိန်က
      E             G          C
V.2 ဖန်ဆင်းတဲ့တစ်စုံတစ်ရာ ပျက်ယွင်းခဲ့ပြီလား
A
အမှောင်နဲ့အလင်းမှာ အမြင်နဲ့အသိတွေမှား ဟာ ဟာ ဟာ ဟာ

Pre: ငါ့ခေါင်းထဲမှာ နောက်ကျိနေတယ် မြူခိုးများလို ပိန်းပိတ်မှောင်တယ်

ကာလများစွာစွဲကပ်နေတဲ့ မှိုတက် အတွေးအခေါ်များ

Cho: လွင်ပြင်ကျယ်နဲ့တောတန်းများ အဆုံးထိလိုက်ရှာ

ပြာလွင်နေတဲ့မိုးသားများထဲမှာ အမှန်တရားလား

ရေပြင်ကျယ်လို အသိခက်တဲ့ ဘဝများလား

ငါယုံကြည်စရာ အပြစ်မဲ့တဲ့ အရှိတရားများ ပျောက်ဆုံးခဲ့ပြီလား

Music:

V.3 ငါမျှော်တွေးထားမိတာ ငါ့စိတ်ကူးနဲ့ကမ္ဘာပါ
အပြင်လောကမှာ ဝေဝါးအသိတွေက

V.4 ငါသိထားသမျှဟာ ငါ့စိတ်ကူးနဲ့ကမ္ဘာပါ
တစ်ယောက်တည်းအားငယ် အမှုန်အမွှားတစ်ခုလိုသာ
တစ်ယောက်တည်းအားငယ် စိတ်ဓါတ်တို့ရယ်

Pre: ငါ့ဦးနှောက်တွေကန်းသွားခဲ့ပြီ အဖြူနဲ့အမဲဟာ မသဲကွဲတော့ပြီ
ကာလများစွာစွဲကပ်နေတဲ့ မှိုတက် အတွေးအခေါ်များ

(Cho:) Solo: Pre:(1)+(2) (Cho:)

No comments:

Post a Comment