Tuesday, May 7, 2013

မနေ့ကအချစ်

ရေး - ဂျမန်း
ဆို - ချမ်းချမ်း

တို့တစ်ချိန်တုန်းကနင်လေပြောခဲ့ အရမ်းချစ်တာပဲ ငါ့ကို
ခုထိများ နင်စကားများ ငါ့ရင်ထဲထင်ကျန်ဆဲပေါ့ကွယ်
ပျော်ရွှင်ခဲ့ချိန် ငါတို့နှစ်ဦး ထားခဲ့အရင်က ကတိတွေ
မျှော်လင့်တဲ့ အချစ်ခရီးကို နှစ်ယောက်အတူတွဲ လျှောက်လှမ်းမယ်ဆို

မနေ့ကအဖြစ်လို ငါအခုထိအမှတ်ရဆဲကွယ် အတိတ်က
အချစ်တို့လည်း ငါရင်ထဲ ငါရင်မှာ မေ့မရပါလား
အချစ်ရဲ့ အဘိဓာန်မှာ မနက်ဖြန်ဆိုတာမရှိဘူး ငိုကြွေးလည်း
မထူးတော့ဘူး ပြန်မလာတဲ့ မင်းကိုလေ ငါတမ်းတလို့နေဆဲ

မနေ့ကအဖြစ်လို ငါအခုထိအမှတ်ရဆဲကွယ် အတိတ်က
အချစ်တို့လည်း ငါရင်ထဲ ငါရင်မှာ မေ့မရပါလား
အိပ်မက်ပဲဖြစ်ချင်တယ် မင်းအချစ်လိုချင်တေဆဲ
ပြန်မရမှန်းသိနေခဲ့ ဒဏ်ရာများပေးကာ နင်ထားသွားရက်တာလည်း

မျှော်လင့်တဲ့ အချစ်ခရီးကို နှစ်ယောက်အတူတွဲ လျှောက်လှမ်းမယ်ဆို

3:25 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment