Wednesday, May 15, 2013

ထာဝရဖေဖေ

ရေး - အစိုင်း
ဆို - Black Hole

အဖေ အကြီးဆုံးသော ဖေဖေ
ဖေ့ဖေ့ကျေးဇူးကြောင့် သားဘဝပြည့်စုံခဲ့
အသိမဲ့တဲ့ကျွန်တော်ဟာဒီလိုဒုက္ခလမ်းတွေထဲ
ဆိုးသွမ်းနေလည်းပဲ အဖေကတော့ချစ်လျက်ပဲ

အဖေ သားရဲ့အမြဲဖေဖေ
ဖြေမနိုင်ထိန်းမရခဲ့ သားရဲ့မျက်ရည်များ
အားလုံးသိတတ်ခဲ့မှ ထာဝရအိပ်စက်သွားခဲ့
နှိုင်းမရတော့တဲ့အရှုံးနဲ့
သားလေးနားလည်ခဲ့ပြီ

Cho: လောကထဲက ကံကြမ္မာတွေရဲ့လှိုင်းတံပိုးကြားမှာ
မမောပမ်းပဲရှေ့ကရင်ဆိုင်သူ
အငြိမ်းချမ်းဆုံးကမ္ဘာမှာဖေဖေ
အိပ်စက်သွားခဲ့လည်း သားရဲ့ရင်မှာ
ဖေဖေအမြဲတမ်းရှိနေတယ်

11:56 PM 5/19/2013

No comments:

Post a Comment