Sunday, May 26, 2013

တုံ့ ပြန်ဖို့ မလိုဘူးလား

ရေး - 
ဆို - စိုင်းထီးဆိုင်

တွယ်တာမှုတွေ ဖုံးလွှမ်းနေတဲ့ မင်းမျက်လုံးရဲ့အကြည့်ကို
ပီတိလေးတွေ တစိမ့်စိမ့်ဖြာကာ ရင်ခုန်သံကြား ခံစားမိတယ်..
ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာ ရောက်ရသလိုပဲ

ကြင်နာမှု့ တွေအပြည့်အ၀ပါတဲ့ မင်းနှုတ်ခမ်းကစကားကို
သံသယကင်းစွာ တသိမ့်သိမ့်ရင်မှာ နားဝင်ချိုးအေး ပြန်ကြားမိတယ်
အသာယာဆုံး အချစ်ကဗျာကြောဝယ် နစ်မျောသလိုပဲ

အိုး.. အဖိုးထိုက်တန်လှတဲ့ အချစ်ရဲ့ လက်ဆောင်
ထာဝရ ရက်ရက်ရောရောပေးခဲ့ပြီးမှ
တုံ့ ပြန်နှင်းမယ် ကိုယ့်မေတ္တာ
 
 ဘာကြောင့်များ လျစ်လျူရှု့ လို့  ထားခဲ့ရက်လဲ
တကယ်ဆို မင်းထက်မပိုရင်တောင်မှ မလျော့တဲ့ကိုယ့်အချစ်ပါ
တုံ့ ပြန်ဖို့ မလိုဘူးလား


စိုင်းထီးဆိုင်

No comments:

Post a Comment