Thursday, May 2, 2013

တစ်ကိုယ်ရေလွမ်းဆွတ်မှု


ရေး - ကေအေတီ
ဆို - လေးဖြူ

တကယ်ဆိုရင်ငါ အသေအချာ ပြောနိုင်တယ်
ငါဟာငြီးငွေ့အထီးကျန် စာသင်ချိန်ငယ်ရွယ်
တုန်းမှာလဲ ပျော်စရာကြီးပြင်းတဲ့ စိတ်တွေ
လူပုံလယ်မနေချင် ငါ့တစ်ယောက်တည်းပဲ
ရင်ခုန်သံ အသေတွေကို ဖြန့်ကျဲရင်း အခန်း
ငယ်ထဲကလေးတစ်ယောက်ရဲ့ ဘဝမှာစိတ္တဇလို ရောဂါရင့်စေတယ်

ချစ်တတ်တဲ့ စိတ်လည်းငါမရှိသေးဘူး
မုန်းတတ်တဲ့ စိတ်လည်းငါမလိုချင်သေးဘူး
အမြဲမှားယွင်းတတ်တဲ့ အရွယ်မှာ
လူတိုင်းထက် ပိုပြီးမှားခဲ့တယ် /လူတိုင်းထက်အမှားတွေ ပိုမှားခဲ့ လောကမှာပိုင်ဆိုင်ချင်စရာ ပုံစံ အမျိုးမျိုးနဲ့
မှားယွင်းမှုတွေပဲ မှားယွင်းမှုတွေပဲ
လူတွေအပေါ် ဟန်ဆောင်ဆဆ်လာကာ
မထူးဆန်းတော့သလို စာသင်ချိန် ငယ်ရွယ်စဉ်အခါတုန်းမှာလို ပျော်ရာမှာ ကြီးပြင်းလိုက်ချင်
ခါးသီးလွန်းတဲ့ အဆိပ်သီးများလည်း
တစ်လုံးချင်းခူးဆွတ်မှုတဲ့ စိတ်ရှိုင်းများမှားနေပြီ ရူးမိုက်တတ်တဲ့ဘဝမှာ
စိတ္တဇလို ရောဂါရစေတယ်
ချစ်တတ်တဲ့ စိတ်လည်းငါမရှိချင်ဘူး
မုန်းတတ်တဲ့ စိတ်လည်းငါမရှိသေးဘူး
ချစ်တတ်တဲ့ စိတ်လည်းငါမရှိသေးဘူး
မုန်းတတ်တဲ့ စိတ်လည်းငါမလိုချင်သေးဘူး

6:11 PM 5/2/2013

No comments:

Post a Comment