Tuesday, May 7, 2013

အရင်လိုချစ်ဆဲမင်းကို


ရေး - ဂျမန်း
ဆို - ချမ်းချမ်း

ဝေးရမှာကို ငါကြောက်တယ် အဆင်မပြေတာ သိပ်များနေလည်း
ငိုခဲ့ရတဲ့ ငါ့မျက်ရည်ပူနွေးဆဲပဲ ပါးပြင်မှာ

ပြောင်းလဲမြန်တယ် နင်အချစ်ကို အန္တရာယ်ရှိမှန်း ငါသိနေလည်း
ရှေ့တိုးပြီးတော့ ချစ်မိတယ် နောင်တရဖို့ မသိပါလား

အမှားနဲ့အမှန်  အဖြူနဲ့အမည်း မခွဲခြားနိုင်အောင် ချစ်နေတယ်
ငါလိုချင်တဲ့ အချစ်များမင်းလက်ထဲမှာပဲ

(ဟိုအရင်လို နင်ချစ်သေးရဲ့လား ငါအရင်လိုချစ်ဆဲ မင်းကို)
ဆွံ့အမနေပါနဲ့ နှုတ်ခမ်းတွေ ဖွင့်ဟဝန်ခံပါချစ်တယ်
ဟိုအရင်လို နင်ချစ်သေးရဲ့လား ငါအရင်လိုချစ်ဆဲ မင်းကို
ပိတ်လို့နေတဲ့မျက်လုံးတွေ ဖွင့်ကြည့်ပါလား ရင်ထဲက ငါ့အချစ်များ

ပြောင်းလဲမြန်တယ် နင်အချစ်ကို အန္တရာယ်ရှိမှန်း ငါသိနေလည်း
ရှေ့တိုးပြီးတော့ ချစ်မိတယ် နောင်တရဖို့ မသိပါလား

အမှားနဲ့အမှန်  အဖြူနဲ့အမည်း မခွဲခြားနိုင်အောင် ချစ်နေတယ်
ငါလိုချင်တဲ့ အချစ်များမင်းလက်ထဲမှာပဲ

4:09 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment