Monday, April 1, 2013

အချစ်ကမင်းအနားမှာပါ

ရေး - စိုင်းထီးဆိုင်
ဆို - စိုင်းထီးဆိုင်

လူများရဲ့အလယ်မှာတစ်ယောက် တည်းမို့သင်ဟာလေအားငယ်နေမလား
ဒီခရီးမှာအဖော် မွန်ရယ်တစ်ယောက်လောက်တော့ ဒီအချိန်မှာမင်းလိုချင်နေမလား
လွန်နေတဲ့အမောလည်းကူဖျောက်ပေး စိုနေတဲ့ချွေးလည်းကူသုတ်ပေး
လိုအင်ဟူသမျှပြည့်ဝစေမှာ အားကိုးလိုက်စမ်းတော့မေရေ

မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ စိတ်မရှိလို့မရိပ်မိတာပါ
အချစ်ကမင်းအနားမှာပါ မင်းမဆွဲလို့မတွဲမိတာပါ အချစ်ကမင်းအနားမှာပါ
မကြောက်နဲ့ ဟုတ်ပြီလား

ယဉ်ကျေးတယ်ဆိုတဲ့ အသိုင်းအဝိုင်းကြား ကြင်နာသူအရိုင်းဖြစ်နေမလား
လက်ညှိုးတွေညွှန်ကာလေကဲ့ရဲ့တာ ကိုယ်ကိုလိုပဲ ထင်ယောင်နေမလား
ထာဝစဉ်သာ အရိပ်ကလေးလိုကပါ ယူဆောင်ခွန်အားဖြည့်မယ် ယူထား
အပူဒဏ်ကိုထီးမိုးမယ်သိလား အားကိုးလိုက်စမ်းတော့မေရေ

မှောင်လွန်းတဲ့ကမ္ဘာတစ်ခြမ်း လမ်းလျှောက်ချိန် ရင်ခွင်ထဲ သိလိုက်ပါနော်
ရှောင်လွန်းတဲ့ကံ ကြမ္မာရယ်နိမ့်လွန်းချိန် နောက်ဆုတ်ဖို့ တစ်ထစ်ကျန် မာန်ပြန်တင်း
ရေလည်မှာ မနစ်မြုပ်စေနဲ့မင်း လူလည်မှာအရှက်မကွဲစေနဲ့မင်း
ရာဇဝင်မှာမရှုံးနိမ့်စေနဲ့ မင်း ရှင်းလင်းပစ်စမ်းတော့မေရေ

www.mmlyric.blogspot.com

No comments:

Post a Comment