Sunday, April 21, 2013

တစ်ခါတည်းချစ်ချင်လို့ပါ

ရေး - မေသော်
ဆို - ချမ်းချမ်း

ကြင်နာသလို မကြင်နာသူ
နေနိုင်ရက်တဲ့ချစ်သူလေး
အနိုင်ယူတတ်တဲ့သူ့စိတ်တွေကိုယ်ကွယ်
ကိုယ်မငြိုငြင်ခဲ့ဘူးကွယ်
သူညာတာတွေရင်ထဲက
ငိုနေမိလည်းခဏပါပဲ
ဟန်ဆောင်ပြုံးရင်ချစ်တဲ့သူအနားမှာ
ကိုယ်တကယ်ကိုပျော်နေခဲ့တယ်
အချစ်တစ်ခုနဲ့ /တစ်ခုအတွက်
အရာရာအားလုံးသဘောအတိုင်းပဲ
အို/ကိုလိုချင်ခဲ့သော အချစ်တို့ဝေးနေလည်း
ရင်တွေကွဲပြီးနားလည်မယ်(အချစ်တစ်ခုသာအလိုချင်ခဲ့ဆုံး)
အပြစ်မမြင်ပါဘူးချစ်သူလေးရယ်
မပိုင်ဆိုင်ရလည်းထားခဲ့ပေါ့ကွယ်
နေပါစေကိုယ်ကျေနပ်တယ်
(သိပ်ချစ်မိတော့လည်း ရေး ရေး  ရေး)
တစ်ဘဝလုံးအတွက်ချစ်သူရယ်
ဘဝမှာတစ်ခါတည်းချစ်ချင်လို့ပါ
နေမဝင်ခဲ့သောကိုယ်ရဲ့အချစ်တွေ
ထာဝစဉ်ရှင်သန်ဆဲကွယ်
တစ်ခါတလေမှာသူပြောရက်ခဲ့တဲ့
စကားလုံးတိုင်းမွန်းကြပ်အသက်မရူနိုင်ပါတယ်
နာကျင်အောင်အသဲထိခဲ့လည်း
သူတစ်ခါကြင်နာရုံ ကိုယ်လေပြန်ကာရူး  အိုး
8:59 PM 4/22/2013
ချမ်းချမ်း

No comments:

Post a Comment