Friday, April 19, 2013

နေ့သစ်

ရေး - ဖြိုးကြီး
ဆို - ဖြိုးကြီး

မနေ့ က ငါလူငယ်လေးတစ်ယောက်ပဲ အဖေ၊ အမေ၊ မောင်နှမများအလယ်ထဲ ဆိုးနွဲ့ လို့ 
ပျော်စရာများနဲ့  အတိ
လမ်းလေး ငါလေ တစ်ကိုယ်ရေတည်း လျှောက်ချင်လာ
အဖော်တွေကို မခေါ်ဘဲ သွားချင်တယ် ဘဝနေ့ ရက်များ

(ဆန်းသစ်လှပတဲ့ ကမ္ဘာမြေထဲ လွတ်လပ်မှု အပြည့်ရချင်တယ်
တစ်ယောက်တည်း ပြေးလွှားလို့ နေချင်လည်း လက်တွေ့ ဘဝကတော့ မဖြစ်နိုင်ခဲ့)

အခုတော့ ငါဟာ လူကြီးဖြစ်ချင်လာ ဒီအနှောင်အဖွဲ့ များ မုန်းပြီဟေ့
ကလေးတစ်ယောက်ဟာလေ ပျင်းရိခဲ့
တစ်နေ့ တော့ ငါ့အိပ်မက်ထဲ အချုပ်အနှောင်မဲ့ ယုံကြည်တာတွေ လုပ်ပြီး
ခရီးတွေဆက် လွတ်မြောက်မယ့် နေ့ ပဲ လွတ်လပ်မှုလေး

(ငါလိုချင်တယ် လွတ်လပ်မှုက်လေး ပိုင်ဆိုင်ချင်ပြီ ရင့်ကျက်လာခဲ့ပြီ
မမြင်နိုင်တဲ့ ဒီကြိုးများဖွဲ့ ထား လူဆိုတာ မမြဲတဲ့ ပုံရိပ်တွေ)
(တစ်ယောက်တည်းလာခဲ့ တစ်ယောက်တည်းပဲနေ)
(နှုတ်ဆက်အဝေး)

တစ်နေ့ တော့ ငါယုံကြည်တဲ့ ဘဝသစ်ထဲ ကိုယ်ပိုင်ဆိုင်တဲ့ အသိဥာဏ်နဲ့ 
ဆက်လျှောက်နေမယ် လမ်းလေးတဲ့
အခုတော့ မမြင်နိုင်တဲ့ နှောင်ကြိုးများစွာကို ကမ္ဘာမြေပေါ်ဆက်ပြီးလေ့လာမယ်
ငါ့ဘဝ နေ့ ရက်များ ငါ့ရဲ့ နေ့ သစ်များ

No comments:

Post a Comment