Saturday, April 20, 2013

မျက်ဝန်း



ရေး  -  စောခူဆဲ
ဆို  -  စည်သူလွင်

ကိုယ်တွေ့ နေပါတယ် မင်းမျက်ဝန်းရဲ့ အလှနဲ့ စူးရှတောက်ပမှုနဲ့ 
ဘယ်လိုမေ့လို့ ရမှာလဲ ရှောင်လွဲမယ် ကြံလည်း အိပ်မက်မက်လိုက်တိုင်း
အခါခါမြင်ယောင်နေတယ် ဒါဟာ အချစ်ကြောင့်ပဲထင်တယ်
နာရီတိုင်း တွေ့ ချင်တယ် ကိုယ်မင်းကိုပဲ အလိုချင်ဆုံးလို့ ကြင်နာသူရဲ့ မျက်ဝန်းများ
နာကျင်ခြင်းနဲ့ အမုန်းလေးတွေ မလိုချင်ဘူး ကြင်နာသွားဖို့ 
မင်းလေးနဲ့ ကိုယ် မင်းနဲ့ မလွဲချင်ဘူး

ကိုယ့်ရင်ထဲ မျက်ဝန်းလေးများ ကိုယ်ဘယ်လောက်သိပ်ချစ်မိသွားလည်း ရင်ခွဲပြီး မင်းကြည့်ပါလား
ဒီရင်ထဲ မျက်ဝန်းလေးပဲ အချစ် ရင်မဆိုင်နိုင်တော့ဘူး ဒီရင်ထဲ မင်းမျက်ဝန်းရယ်

အချစ်ဆုံးရယ် ယူ ကိုယ့်ဘဝတစ်ခုလုံး တို့ ဘက်က မပြောင်းဘူး သူရယ်
နှုတ်ဆက်မသွားပါနဲ့ ရပ်မသွားတဲ့ ကိုယ့်အချစ် မင်းနဲ့ တောင်းဆုရှိခဲ့လို့ 
ရင်ခွင်မှာ အားလုံး မင်းစိုးမိုးနေသူ

ဟူး ဒီရင်ထဲ မင်းကြည့်ညှို့ အား ကိုယ်ဘယ်လောက် သိပ်ချစ်မိသွားလည်း
ရင်ခွဲပြီး မင်းကြည့်ပါလား ဒီရင်ထဲ ဒီမျက်ဝန်းလေး ရင်ဆိုင်ရင်းနဲ့ 
ကိုယ့်စိတ်ကူးများ အရင်အတိုင်း မင်းအတွက် ရှိမှာပါ
ဒီရင်ထဲ မျက်ဝန်းလေးပဲ အချစ် ရင်မဆိုင်နိုင်တော့ဘူး

No comments:

Post a Comment