Tuesday, April 23, 2013

မိုးမလင်းသေးဘူးအိပ်ဦး

ရေး -
ဆို - စိုင်းထီးဆိုင်

အိမ်မက်ကလှတယ်ဘဝကရုပ်ဆိုးတယ်ယုံကြည်နေသူကိုနှစ်သိမ့်ပါရစေ မိုးမလင်းသေးဘူးအိပ်အုံး
အိမ်မက်တွေထဲကဘဝမျိုးဖန်ဆင်ဖို့ ကြင်နာသူကိုယ်တစ်ယောက်ကြိုးစားဆဲမှာအိပ်လက်စနဲ့အိပ်အုံး
ဒုက္ခဆိုတာအကြွေးထားလို့ရရင်ဒီဘဝမင်းနဲ့အတူပျော်ပြီးနောင်ဘဝကျမှ ဒုက္ခတွေတစ်ယောက်တည်းစုခံလိုက်ချင်တယ်ကိုယ်ဒီလိုလူစားပါ မင်းသံသယတွေကိုဘေးဖယ်ထားပါဦး
တစ်နေ့နေ့ကျရင်ကိုယ်ဘာမှရှင်းမပြရပါဘဲ နားလည်လို့လာမယ်အချစ်ဟာအချစ်ရဲ့သက်သေဘဲ 

အနမ်းနဲ့ကိုယ်အနိုးမှာ အိမ်မက်နဲ့တို့ဘဝတူညီနေတာကိုမင်းတွေ့ရမယ် အခုတော့အိပ်အုံး အချစ်ဆုံး

ဒုက္ခဆိုတာအကြွေးထားလို့ရရင်ဒီဘဝမင်းနဲ့အတူပျော်ပြီးနောင်ဘဝကျမှ ဒုက္ခတွေတစ်ယောက်တည်းစုခံလိုက်ချင်တယ်ကိုယ်ဒီလိုလူစားပါ မင်းသံသယတွေကိုဘေးဖယ်ထားပါဦး
တစ်နေ့နေ့ကျရင်ကိုယ်ဘာမှရှင်းမပြရပါဘဲ နားလည်လို့လာမယ်အချစ်ဟာအချစ်ရဲ့သက်သေဘဲ 

အနမ်းနဲ့ကိုယ်အနိုးမှာ အိမ်မက်နဲ့တို့ဘဝတူညီနေတာကိုမင်းတွေ့ရမယ် အခုတော့အိပ်ဦး အချစ်ဆုံး

2:14 PM 4/25/2013
စိုင်းထီးဆိုင်

No comments:

Post a Comment