Monday, April 29, 2013

အစိမ်းသက်သက်အစိမ်း

ရေး - မောင်သစ်မင်း

ဆို - လေးဖြူ

မေ့ပြောက်မှုက နုတဲ့အစိမ်း ရက်စက်ကရင့်တဲ့အစိမ်း
ချစ်တဲ့စိတ်ရဲ့အပြောင်းအလဲကြောင့်
ကြည်တဲ့အကြည့်က အစိမ်း နုတဲ့အစိမ်နဲ့
အေးစက်တိတ်ဆိတ်တိကြမှု အမုန်းနဲ့ရောယှက်ဖူးပွင့်လိုက်တော့
ပြုံးတဲ့အပြုံးက အစိမ်း (စိမ်း) (စိမ်း) (စိမ်း) (စိမ်း)
ကိုယ်ရဲ့ ရင်ခွင်နင်းကာကြင်နာချင်းကိုပေးခဲ့တဲ့အပြုံး
သစ်ရက်တစ်ရက်ကြွေသလို နှုတ်ခမ်းလှိုင်းများ(စိမ်း)
ပန်းချီကားတစ်ချက်ကိုရင်မှာချိပ်ဆွဲသွား
ဒီလိုနည်းနဲ့ကိုယ်ဒဏ်ရာတွေကို ကမ္မည်းတင်လိုက်တာလား(စိမ်း)
မင်းရှေ့မှာလူစိမ်းတစ်ယောက်လိုလျှောက်တာ
ချစ်ဖူးခဲ့တာများ မေ့သွားပြီလား
(မင်းအကြည့်ဟာ မြားတစ်စင်း)(စိမ်း)
မယုံနိုင်အောင်အခြေအနေများ(စိမ်း)
အရာရာဟာပကတိအစိမ်းရောင်(စိမ်း)
အကြိမ်ကြိမ်နာကြည်းမှုများနဲ့(စိမ်း)
ဘယ်လိုအချစ်မျိုးအစာထိုးမလဲ
ချစ်ဖူးရင် နာကြင်တာ အဆန်းမဟုတ်
အသည်းကွဲဖူးရင်မင်းစိတ်တွေအစိမ်းဖြစ်သွား (စိမ်း)
မုသာရဲ့နံရံတွေကာဆီးထား
မာယာစကားလုံးများနဲ့ဘဝကိုကြူးလွန်လိုက်တာလား စိမ်းလိုက်စိမ်း (စိမ်း)

No comments:

Post a Comment