Monday, April 1, 2013

ပြောင်းပြန်စီးသောမြစ်

ရေး - စံလင်း
ဆို - စံလင်း


ပြောင်းပြန်စီးသောမြစ်လိုပဲ ကိုယ်ရဲ့ဘဝဟာ အစီအစဉ်မှန်သမျှ အားလုံးပြောင်းပြန်ပဲဘဝကိုလဲတည်ဆောက်ဆဲ အချစ်ကိုလည်းရှာဖွေဆဲ ကန္တာရတဲ့ပြောင်းပြန်ပဲ မြစ်တစ်ခု စီးဆင်းနေတယ်

လူသူကင်းမဲ့ကမ်းခြေထဲအော်သံကြားမိတယ် ရယ်သံရယ်လားငိုသံလားနှုတ်ဆက်ခဲ့ပြီဟေ့
ဘဝကိုလည်းမကြေနပ်ဘူး အချစ်ကိုလည်းမကျေနပ်ဘူး ပင်လယ်ပြင်နဲ့ဝေးနေမယ့်မြစ်တခုမစီးချင်ဘူး
နာကျင်နေသောအသည်းဟာမီးများလောင်ကျွမ်း ချှော်ရည်ပူများစီးနေတဲ့ကိုယ်ရဲ့ဘဝရှေ့ရေး
သစ္စာတရား မေတ္တာစကားပြောလိုက်ကြတာပဲ
ယူလို့လဲမဆုံးနိုင်တဲ့ဘဝရဲ့ သင်ခန်းစာများ

ပင်လယ်ပြင်နဲ့ဝေးရာတရွေ့ရွေ့သွားနေတယ်

11:05 PM 4/9/2013

2 comments:

  1. သီချင်း Chord လေးတွေ Notes တွေပါစေချင်ပါတယ်
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ကြိုးစားနေပါတယ်။ မှတ်ထားပါမယ်။

    ReplyDelete