Monday, April 1, 2013

ရေစုန်မျှောလိုက်ပြီ

ရေး - ရင်ဂို
ဆို - ရင်ဂို


ရင်ခုန်သံတွေမချိုခဲ့သော အတိတ်ကဇာတ်လမ်းတစ်ပုဒ် မဖြစ်နိုင်ခဲ့တဲ့ဘဝလမ်းနှစ်ခု
အခြေအနေတွေခြားခဲ့ပြီ အသစ်ရှာဖွေခဲ့သော ရင်ခွင်မှာဆွေးမနေတော့ဘူး အားလုံးရေစုန်မျှောလိုက်ပြီ

ကြည်ပြာရောင်နဲ့  နှလုံးသားငါ့အချစ်စိတ်များအားလုံး လရောင်ကင်းမဲ့ညလေးတစ်ခု
မင်းဆီအကုန်ငါထားခဲ့မယ် အဝေးဆုံးဘဝရဲ့အလွမ်းမော ကိုယ့်ဘဝမှာမလိုတော့ဘူး
အားလုံးရေစုန်မျှောလိုက်ပြီ

ကဗျာစာပေ မဂ္ဂဇင်းသီချင်းများမှာရင်ခုံတယ် စကားလုံးများအသစ်အဆန်းဖွေရှာ
ဂန္တဝင်ဆန်ရည်းစားစာ မင်းတစ်ယောက်ကိုအချစ်ဆုံးယုံကြည်ပါ ကိုယ့်ဘဝမှာမလိုတော့ဘူး
အားလုံးရေစုန်မျှောလိုက်ပြီ

အိုမိုင်ဒါလင် ဒီလိုနှုတ်ဆက်ဝေးပြီဘေးဘီ မင်းရဲ့အနာဂတ်များပျော်ရွင်အောင်ငါဆုတောင်းပေးမယ်
လူ့ဘဝ့အတိုဆုံးအချိန်တွေမှာ ဆွေးမနေချင်ဘူးအားလုံးရေစုန်မျှောလိုက်ပြီ
အားလုံးရေစုန်မျှောလိုက်ပြီ အားလုံးရေစုန်မျှောလိုက်ပြီ

6:41 PM 4/9/2013

No comments:

Post a Comment