Monday, April 1, 2013
နောင်တ
ရေး - ဟန်ထူးလွင်
ဆို - ဟန်ထူးလွင်
တကယ်ချစ်ရဲ့လားလို့ မေးတုန်းက.....ယောင်ပြီးခေါင်းညိတ်စဉ်မှာ
မယုံတဲ့အကြောင်း....ပြောလို့ သွား
ယုံရင်ပြီးရော....လျှောက်လို့ ပြောမိစဉ်ခဏမှာ
မင်းစိတ်မချ.....ကျိန်ပြီးပြောမှ မင်းယုံမှာ.....ဘာဖြစ်လဲ ပြီးသွားမှာပါ
ငါသတိမထား.....ဒါတွေနောက်မှသိတယ်
ဘုရားစူး မိုးကြိုးပစ်လို့ .....ကျိမ်ခဲ့ပြီးမှနောင်တရမိ
မိုးခြိမ်းတိုင်းလည်းမင်းနဲ့ ငါနဲ့ အကြောင်းများ....ပြန်တွေးကြည့်
ဟိုအရင်က....ငါပြောသမျှတကယ်ပဲလား
ဒီတစ်နေ့ မှာ မိုးများသည်းတော့မှ.....ပြန်ပြီးမင်းနဲ့ တွေ့ စဉ်မှာ
လျှပ်စီးကြောင်းများ ဝင်းလက်လို့ သွား.....နိုင်သူအပြုံးနဲ့ 
မင်းကလှည့်ထွက်လို့  အသွားမှာ...ခေါင်းစိုက်ကျ
ငါမှားများ မှားသွားပြီလား....ဒါမျိုးအမြဲတမ်း ဖြစ်မှာလား
ငါနောက်တခါဆို ဆင်ခြင်ဦးမှဖြစ်မယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment