Wednesday, April 10, 2013

ယုံကြည်ခြင်း

ရေး - အငဲ
ဆို  - ဟန်ထွန်း

အချစ် အောင်မြင်ခြင်းရဲ့ တန်ခိုးရှင်ပါ စွမ်းအားများ ပေးပါ
အချိန်ခါ ကျရောက်လို့ လာပြီ
ဘ၀ ကြုံမယ် မသိကိန်းများစွာနဲ့ လျှို့ဝှက်တဲ့ ပုစ္ဆာများ
ကိုယ်ဖြေရှင်းဖို့ အင်အားများ
အတူတူတွဲ မင်းလက်များ ခိုင်ရဲ့လား
ဒီတိုက်ပွဲ တိုက်နိုင်ဖို့ ခံနိုင်အား
သိမ်မွေ့သော မင်းအချစ်များ ကိုင်ဆုပ်ရင်း
ကမ္ဘာမြေဆုံးတဲ့ထိတိုင်

အချစ်အတွက်နဲ့ ကူးခတ်ဆဲ
ကမ်းစပ်မဲ့တဲ့ ဘ၀လှိုင်းတွေထဲ
အချစ်အတွက်နဲ့ ပျံသန်းဆဲ

တို့ အသာယာဆုံး အချစ် တိုင်းပြည်ရယ် တစ်နေ့နေ့တော့ ရောက်မယ်
ရင်ခွင်ထဲ မင်း အမောဖြေကွယ်
ဘ၀ အကြိမ်ကြိမ် အရှုံးနဲ့ လဲပြိုခိုက် အနမ်းများနဲ့ ဖေးထူလိုက်
မလိုသူတွေဟာ တို့ နှစ်ဦးကြား
လူလစ်တုန်း သွေးခွဲမယ့် လေပြေများ
ကိုယ်နဲ့မင်း အချမ်းသာဆုံး ကိုယ်ကျင့်တရား
ကွယ်ရာလည်း တို့ရင်ထဲ ညီညာဆဲ
ကမ္ဘာမြေဆုံးတဲ့ထိတိုင်

အဆုံးအစမဲ့တဲ့ ကောင်းကင်နက်ထဲ အချစ်အတွက်နဲ့ ကူးခတ်ဆဲ
ကမ်းစပ်မဲ့တဲ့ ဘ၀လှိုင်းတွေထဲ အချစ်အတွက်နဲ့ ပျံသန်းဆဲ

အချစ်အတွက်နဲ့ ကူးခတ်ဆဲ
အဆုံးအစမဲ့တဲ့ ကောင်းကင်နက်ထဲ
အချစ်အတွက်နဲ့ ပျံသန်းဆဲ
အချစ်အတွက်နဲ့ ကူးခတ်ဆဲ

No comments:

Post a Comment