Monday, April 29, 2013

ရဲရဲရင့်ရင့်ရင်ဆိုင်

ရေး - မောင်သစ်မင်း

ဆို - ထွဏ်းထွဏ်း

သန်းခေါင်ယံကျော်ရင် မိုးသောက်ရတော့မယ်လေ
အမှောင်ကွယ်ပါစေ သန်းခေါင်ထက် ညဥ့်မနက်နိုင် မဟူရာ အမှောင်ထုထဲ အချစ်လေး ကိုယ်လက်မြဲမြဲတွဲ အာကာတစ်ခွင်
အမှောင်လွင်ပြင် ကြယ်စင်မရှိလည်း
သန်းခေါင်ယံကျော်ရင်လေ မိုးသောက်ရတော့မယ်လေ
ကိုယ်အချစ်လေးဘာမှအားမငယ်နဲ့

(မဟူရာ အမှောင်ဆုံးညများ ပြီးဆုံးမှနေ့သစ်တစ်နေ့ အမှောင်ထုပြိုကွဲလို့
နံနက်ခင်းလေးလာမယ် )ဆက်လုပ်
(ရင်ဆိုင် ရဲရဲဝင့်ဝင့်ရင်ဆိုင် ကြုံလာတာကိုတွေ့မရှောင်နိုင်  ကိုယ်ရဲ့အနားက မခွဲခွာတမ်း
ခရီးအဆုံးသွားကြစို့လား / အတူတူဖြတ်သန်းမယ်) အမှောင်ထုကြီးကို
ကျော်ဖြတ် အလင်းတံခါးဝသို့
ကြင်နာသူရောအမှောင်ထု ထဲတည်ငြိမ်စေ ခြေလှမ်း  ဟေးဟေး
အမှောင်ထုပြိုကွဲတော့ နံနက်ခင်းလာမယ်
သတ္တရှိရှိ ကိုယ့်လက်မြဲမြဲတွဲ

2:48 PM 5/1/2013

No comments:

Post a Comment