Wednesday, April 10, 2013

အချစ်ထောင်

ရေး - စိုင်းခမ်းလိပ်
ဆို - စိုင်းထီဆိုင်

အချစ်ထောင် သံယောဇဉ်ကြိုးနဲ့တည်းနှောင်ထားတဲ့ အကျဉ်းဆောင် ကိုယ်ဘယ်လိုလုပ်ပြီးရုန်းမှာလဲ မင်းပြောပါ ကိုယ်ပိုင်တဲ့ လွတ်လပ်မှုတွေ စွန့်လွှတ်ထားလိုက်ပြီ


အချစ်ထောင် လူ့လောကအကြီးမားဆုံးအရာဝတ္ထုနှိုင်းမရအောင် အပယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက်ရူးချင်စရာ မဆတဲ့ ဦးနှောက်အတွေးအခေါ်များလည်း အပ်လိုက်ပြီ
ကိုယ့်ကို ထာဝရအချုပ်အနှောင် မင်း အကျဉ်းထောင်

နေပူပါစေ မိုးကျလေရတယ် မှောင်နေပါစေ လင်းလွန်းပါစေရမယ် ရယ်ပါစေ ငိုပါစေ ပြုံးပါစေ မဲ့ပါစေ ဘာဖြစ်ဖြစ်ရနေပါတယ် အစဉ်လဲပဲရပါစေမယ် အကျယ်ချုပ်လားအချစ်  တကယ်လုပ်မလား အချစ်  ကြေအပ်နှလုံးသား စံပြအကျဉ်းသား

အချစ်ထောင် ရင်ထဲကတမြေ့မြေ့နဲ့ခံစားချက် မေတ္တာ အကုန်ပေါ်အောင် ထုတ်ပြီးမပြနိုင်စွမ်းခဲ့လို့ ပေါက်ကွဲမတက် ကြင်နာတဲ့စကားလေးတစ်ခွန်းလောက်ပေးသနား မျှလှည့်နော်

အချစ်မှာ ဘယ်ဥပဒေ ပုဒ်မနဲ့လာဖမ်းလို့ မဖြစ်ပါ ဒါပေမယ့် မင်းအတွက်တော့လိုအပ်သမျှ ဖြစ်ရမယ် စကားနာတွေထိုးခြင်းမျိုးမဟုတ်ဘူးကွဲ့ မင်းနားထောင် ကိုယ့်ကို ထာဝရအချုပ်အနှောင် မင်းအကျဉ်းထောင်

အပြင်မှာလေ တစ်စက္ကန့်အချိန်တိုင်းဟာ ရင်မှာလေခဏနဲ့တကမ္ဘာလောက်လေ ပိုရင်နဂို ဆွဲရင်ဆန့်သကို လိုအပ်သမျှရှိနေပါတယ် ထာဝရအသိရှိပါစေမယ် အချစ် အမြန်စီးလားအချစ် ပြန်နှေးမလားအချစ် ခုန်တဲ့နှလုံးသား စံပြအကျဉ်းသား
စိုင်းထီးဆိုင်

mmlyric.blogspot.com


No comments:

Post a Comment