Monday, April 29, 2013

နတ်မိမယ်မိန်းမလှလေး

နတ်မိမယ်မိန်းမလှလေး
ရေး -
ဆို - အငဲ

လိုက်မိလေ ဝေးလေပဲ
မြေမိုးဆုံးအောက် တိမ်းရှောင်ကာ
ဝေးရာသို့ထွက်ပြေးတော့မလား
ချစ်မိတဲ့သူ ရူးအောင်လုပ်တာလား
ကျီစားတာလား အချစ်ရေ ငါ့ကိုပြော
စိန်ပြေးတမ်းလို လိုက်ရင်း ပြေးထွက်သွား
မလိုက်ပြန်တော့ ငါ့အနား ရစ်သီ ရစ်သီလုပ်ပြန်ရော
ငါ့ဘဝကိုမင်း အပျော်ကစားတာလား
စိတ်ကျေနပ်အောင်ကစား
ငါ့ကို သားကောင်ဖြစ်စေသလား
နတ်မိမယ် မိန်းမလှလေး
မာယာတွေ အသိန်းအသန်းနဲ့ဖမ်းစားထား
လိုက်မိလေ ဝေးလေပဲ
လေထဲလွင့်စင် မိုးတိမ်များလို
ကောင်းကင်ထဲမှာ ပြန့်ကျဲလို့သွား
သင်္ဘောပျက်လို ကမ်းခြေလိုက်ရှာရင်း
ပြန်လမ်းမတွေ့ဘဲ မင်းဆီပဲပြန်ရောက်
ခံစားချက်တွေပေးကာ လှည့်လည်သွား
နေ့တွေ ညတွေကြားငါ့ကို လိပ်ပြာနှုတ်လေမလား
ငါ့ဘဝကို မင်းအပျော်ကစားပါတော့
စိတ်ကျေနပ်အောင်ကစား ငါ့ကိုအငွေ့ပျံသွားစေလား
နတ်မိမယ် မိန်းမလှလေး
မာယာတွေ အသိန်းအသန်းနဲ့ဖမ်းစားထား

http://mmlyric.blogspot.com/


No comments:

Post a Comment