Wednesday, April 10, 2013

လမ်းပျောက်သူ

ရေး - အငဲ
ဆို - အငဲ
ရင်ဆိုင်ခဲ့ ဘဝတိုက်ပွဲတွေ
အကြိမ်တိုင်း အမြဲလိုသာ ရှုံးခဲ့
ပြင်ဆင်ဖို့အတွက် အချိန်ရှားပါးခဲ့
ငါ သင်ကြားဖို့ အသိညဏ်ရယ် အားနည်း
ဒီဘဝက စွန့်စားခြင်းတဲ့လား
အချိန်တိုင်း လူ့သမိုင်းများရေး
အစွမ်းအစ သတ္တိ နည်းလွန်းတော့/မရှိလို့လား
အမြဲတမ်း လမ်းတွေ/များ ပျောက်ရှဆဲ
ခေတ်နောက်ကျတဲ့ အတွေးနဲ့
အချိန်စီးကြောင်းထဲ နစ်မျော
တစ်သက်လုံး မှားနေဦးမှာလား
မြင်ကြည့်လိုက် အဖေရေ ကျွန်တော့်ဘဝ
လူသားတိုင်း ဘဝအတွက် စွန့်စားကြ
လူ့သမိုင်းကို အချိန်တိုင်းရေး
ငါကျတော့ စွန့်စားကြည့်လိုက်တိုင်း
အခုထိ လမ်းပျောက်ဆဲ
ငါ့ဘဝတွေးမိတိုင်း ကံတရားနဲ့ အကြိမ်တိုင်းဝေး
အစွမ်းအစ သတ္တိနည်းလွန်းတော့
အမြဲတမ်းလမ်းတွေ ပျောက်ရှဆဲ
2:43 AM 4/19/2013

No comments:

Post a Comment