Saturday, April 6, 2013

အရင်အတိုင်း ရန်ကုန်

ရေး - ဟန်ထူးလွင်
ဆို - ဟန်ထူးလွင်

ငါ့အခန်းလေးထဲမှာ အလင်းများပျောက်ကွယ်
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်
အခန်းထဲက အပြင်ကိုထွက်
ရန်ကုန်မြို့ကြီး အရင်အတိုင်းပဲ

ငါ့အတ္တကို အိတ်နဲ့ထုလိုက်တယ်
လူမမြင်အောင်ယူကာ အမှိုက်ပုံးထဲထည့်
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေပြန့်ကျဲ

ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ
ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်
တမင်တကာ ကာရံထား ဒီတံတိုင်းများခြားရင်းနဲ့
ဘဝရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ

ရန်ကုန်မြို့ကြီးရယ် ငါဖျားဆဲ
အိမ်အပြင်မှာ မလုံခြုံလည်း အိမ်ထဲက နှင်းကျတယ်

လူတိုင်းကမင်းကိုချစ်တော့ချစ်ကြမယ်
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်
မင်းအပြစ်မဟုတ်တာ ငါနားလည်
ရန်ကုန်မြို့ကြီးနဲ့ မငိုလိုက်နဲ့


No comments:

Post a Comment