Wednesday, April 10, 2013

အိပ်မက်ထဲကအိပ်မက်များ

ရေး/ဆို - အဲလက်စ်

အတိတ်ကို မမြင်နိုင်ချိန်မှာကွယ် တို့တွေ အတူ ဆုံလာခဲ့တယ်
မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်
မင်းကို ယုံကြည်နေချင်တယ် ရှေ့မှာ ဘာတွေ ဖြစ်ဦးမလဲ
အရာရာ စွန့်လွှတ်နိုင်ပါတယ် တကယ်သာ မင်းစိတ်တွေ ပြတ်သားရင်

တစ်ယောက်လက်တစ်ယောက်ကိုတွဲပြီး ဟိုးအဝေးကြီးကို ထွက်သွားချင်
ဘာတွေဖြစ်ဦးမလဲ လူတွေအလယ်မှာ မနေချင်ဘူး သိပ်စိတ်ရှုပ်တယ်
လောကကြီးကို အရွဲ့တိုက်လို့
မင်းရဲ့အနားမှာ အမြဲ ပေးဆပ်ရင်းနဲ့ နေပါရစေ ဘာတွေ ဖြစ်ဦးမလဲ
လိုချင်တာတွေ အို နောက်ဆုံး အပြစ်ရှိပါလေ့စေ
ခံယူတာက မှားပါစေကွယ်

အချစ်တွေမကုန်စေချင်ပါတယ် အနမ်းတွေ ပြန်လိုချင်မိတယ်
ငါတစ်ယောက်တည်း ဖြစ်နေချိန်မှာ အရင်လို စကားလေးတွေ ပြန်ကြားရင်
အပြစ်လို မြင်နေသူတွေရယ် ချစ်တယ်ဆိုတာတွေ နားမလည်
လူတွေနဲ့ ဝေးတဲ့နေရာမှာ ဆုံနိုင်ဖို့ တစ်ခုသာ ကျန်တော့ရင်
မင်းကို ယုံကြည်နေချင်တယ် အရှေ့မှာ ဘာတွေ ဖြစ်ဦးမလဲ
အရာရာ စွန့်လွှတ်နိုင်ပါတယ် တကယ်သာ မင်းစိတ်တွေ ပြတ်သားရင်

တစ်ယောက်လက်တစ်ယောက်ကိုတွဲပြီး ဟိုးအဝေးကြီးကို ထွက်သွားချင်
ဘာတွေ ဖြစ်ဦးမလဲ လိုချင်တာတွေ အို နောက်ဆုံး အပြစ်ရှိပါလေ့စေ
ခံယူတာက မှားပါစေကွယ်

No comments:

Post a Comment