ရေး - ဟန်ထူးလွင်
ဆို - ဟန်ထူးလွင်
နင်ဝယ်လာတဲ့ ရွှေရောင်ဖိနပ် ငါဆိုခြောက်လလောက်ထမင်းငတ်သွားနိုင်လောက်တယ်
ဒစ်ဂျစ်တယ် ကင်မရာဆိုလား နင်ယူလာပြလို့ အံ့သြတကြီးကြည့်ရဖူးတယ်
နောက်ဆုံးမှာ နောက်ဆုံးမှာ
လူတွေရဲ့ စာနာသလိုလို လာလာတိုက်ကြတဲ့
စကားလုံးကြီးတွေ အောက်မှာ
ငါနားလည်လာပြီ
မင်းဟာ ငါနဲ့မဆိုင်ဘူး ငါလည်းမပိုင်ဘူး
ကိုယ်ချင်းစာတတ်ရင် မင်းသိလိမ့်မယ်
လိုအပ်ချက်မပြည့်ရင် အချစ်ဟာ ခါးတယ်
ကျူရှင်တက် နင်စာတွေကျက်တယ်
ငါဟာ ကျောင်းကထွက်လို့ လမ်းဘေးရပ်နေရတယ်
ကျောချင်းကပ်နေပေမယ့်
မမြင်နိုင် ခေါင်းနဲ့ပန်း ဘဝ ခဏခဏ ဖြစ်ရဖူးတယ်
နောက်ဆုံးမှာ နောက်ဆုံးမှာ
ကံကြမ္မာရဲ့ ကြုံရင်ကြုံသလို လာလာထိုးသွားတဲ့ လက်သီးချက်များရဲ့ အောက်မှာ ငါနားလည်လာပြီ

No comments:
Post a Comment