Tuesday, April 23, 2013

သံယောဇဉ်

ရေး - မောင်မောင်ဇော်လတ်
ဆို - လေးဖြူ

မတွေးချင်လည်း ပြန် တွေးနေမိ
မေ့ရင်လည်း ပြန် သတိရပြီး
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ
မှားနေလည်း ငါ ဆက်မှားပြီး
ဒုက္ခများကုန်ပြီ
ရုန်းထွက်ရင်းနဲ့ ဆက်ဆက် နစ်ခဲ့/ထပ်ထပ် နစ်ခဲ့
ဖြတ်တောက်တိုင်းလည်းပိုဖြတ်ဖို့ခက်တဲ့ သံယောဇဉ်
သံယောဇဉ် သံယောဇဉ်
ငါလေ အပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်
သံယောဇဉ် သံယောဇဉ်
လူကိုအရူးတစ်ပိုင်းဖြစ်စေတဲ့
သံယောဇဉ် သံယောဇဉ်
နေမြင့်လို့အရူးရင့်ခဲ့တယ်
ဒီသံယောဇဉ် ဒီသံယောဇဉ်
ဒီသံယောဇဉ် ဒီသံယောဇဉ် သံယောဇဉ်
မကြားချင်ဘဲ ငါ ကြားယောင်မိ မသွားချင်လည်း ငါ ဆက်သွားပြီး
အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ
မမွှေးသင့်ဘဲ ငါ မွှေးတဲ့ မီး မတိုးချင်လည်း ငါ ဆက်တိုးပြီး
ငါ့ဘ၀ ကျွမ်းလောင်ပြီ

8:53 AM 4/24/2013

 လေးဖြူ




No comments:

Post a Comment