Tuesday, April 9, 2013

ပထမအသည်းကွဲဇာတ်လမ်း

ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်

အတွေးလေးထဲပြန်စဉ်းစားလိုက်တော့
ဒီဆေးပျက်ပန်းချီကားလေးဟာ အသစ်ဖြစ်ခဲ့ အရောင်တွေလင်းပြီးတော့လတ်လာ
ငါရခဲ့တဲ့ အတိတ်ဘ၀က နှလုံးသားအချစ်ရဲ့တစ္ဆေ
ဇွတ်ရင်ခွင်ကို ၀င်လာကြေကွဲအောင် ထားခဲ့သလား
အို ... သူအမုန်းများနဲ့ ရေးခြစ်ခဲ့ အသည်းကွဲဇာတ်လမ်းလေး
(အို) ငါ့ရဲ့အချစ်တွေ မူးယစ်စက ချိုးလို့ ချေမွသွား
သူဟာ အစိမ်းလိုက်ခွဲပြီး အသည်းကိုလွှင့်ပစ်ခဲ့ အဝေးကိုထွက်သွား
တစ်သက်လုံးမေ့မရတော့ နှလုံးသားထဲက လန့်
ဒီရင်ထဲဆေးရုပ်ထိုးထားအသည်းက ထင်စွဲဖျောက်ဖျက်မရ
ငါတော့ သွေးပျက်လို့ ရုန်းထွက်ဖို့ ကြိုးစားလည်း မလွန်မြောက်တော့ပြီ

ဘ၀ရဲ့အစက တို့သိပ်ချစ်ခဲ့ကြ
ပြောင်းလဲခြင်းတရားလည်း တို့မသိခဲ့ကြ အိုး ... အချစ်စစ်
ကျောင်းခန်းဘက်ပြေးလို့သွား ငါ့ရဲ့မိန်းကလေးက
အခန်းတံခါးဝသို့အရောက် ပြန်လှည့်ကြည့်လိုက်
ရယ်မလိုလို အကြင်နာအပြုံးလေး ရင်မှာ လှုပ်ရှားသွား

အို ... မိုးများခြိမ်းလို့ လျှပ်စီးများလည်းလက်
ဒီလိုညမျိုး ရောက်ခဲ့တော့ ကံဆိုးမိုးမှောင်
သူ့ရဲ့အကြောင်းရုတ်တရက်ပဲကြား အဝေးပြောင်းရွှေ့သွား
သူငါ့ကိုလည်း မုန်းသတဲ့ စကားတစ်ဆင့်ပါး
ဒီအချစ်ဇာတ်လမ်းလေး ဒီမှာဆုံး ...

No comments:

Post a Comment