Monday, April 29, 2013

အတိတ်ကိုပျံသန်း

ရေး - နိုင်းနိုင်

ဆို -  အငဲ

ဒိုင်ယာရီ အိမ်အိုဟောင်းလေးထဲ ငါကြုံပြီ ဒါဟာအချစ်တဲ့လား
ပျော်ရွင်ဖွယ် နေ့များဝေးသွားတော့ ကံကြမ္မာရယ် ဝေဒနာတွေဟာရောက်ရှိခဲ့
ဘယ်ဆီမှာလဲ တစ်ခါကတို့ချစ်ခြင်းနေ့ရက်များ ငါဆုံးရှုံး
ဝေးမသွားခင် ဖက်ထားစမ်းပါ ချစ်တတ်ရင်မငိုနဲ့အုံး

(စည်းများခြားလို့ တို့နှစ်ယောက်ဝေးပြီလား (ဝေးကွာသွား) တို့အဖြစ်ကဆိုးလွန်း(ခဲ့)
အတိတ်ကိုပြန်တွေးတိုင်း ငါ့နှလုံးသားကွဲအက်
ဒါဟာပုံပြင်ဟောင်းလေးတစ်ပုဒ်(ပဲ) အချစ်ကြောင့်အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
သွေးကြောထဲ စိမ့်ဝင်မင်းရဲ့အနမ်းလေး
တစ်ခါက မင်းရယ်ကို ချစ်ခြင်းကောင်းကင်မှာ / တစ်ခါက အချစ်တွေပြန်ရလိုက်ချင်တယ်
ဒီအတိတ်ရဲ့ နေ့လေး အတိတ်ရဲ့နေ့လေး)/ငါတို့ရဲ့နေ့လေး ငါတို့ရဲ့နေ့လေး

တစ်ချိန်မှာဒီလို ခွဲကြဖို့ ငါလေကြိုတင်မစဉ်းစားခဲ့
ရီဝေစွာမူးရစ် မင်းအချစ်နဲ့ ဒီရာသီချိုတွေ ငါဖြတ်လျှောက်ရင်း
ဘယ်ဆီမှာလဲ ဟိုတစ်ခါကချစ်ခဲ့ခြင်း နေ့ရက်များငါလွမ်းနေလိုက်
မင်းပါးပြင်ခိုနားဖို့ရာ ငါ့နေ့တွေပြန်ရမလား

စည်များခြားလို့ ဒို့နှစ်ယောက်ဝေးပြီလား အေးချမ်းတဲ့ ချစ်သူရဲကောင်းရဲ့ အရိပ်
တစ်ခါကပါးပြင်မှာ ခိုနားလိုက်ချင်တယ် ငါတို့ရဲ့နေ့လေး ငါတို့ရဲ့နေ့လေး
(စည်များခြားလို့ ဒို့နှစ်ယောက်ဝေးပြီလား ) ငါမေ့မရနိုင်ခဲ့
(အချစ်ကြောင့်အလွမ်းရဲ့ဒုက္ခကျေးကျွန်များ )တို့ရဲ့အချစ်လေးပြန်ရအုံးမလား မျှော်လင့်ခဲ့
(စည်များခြားလို့ ဒို့နှစ်ယောက်ဝေးပြီလား )ဒါဟာနောက်ဆုံးအနမ်း
(အချစ်ကြောင့်အလွမ်းရဲ့ဒုက္ခကျေးကျွန်များ )ဟိုးအတိတ်ရဲ့နေ့လေး တစ်ကမ္ဘာစီဝေးဝေး

6:29 PM 5/1/2013

No comments:

Post a Comment