Monday, April 29, 2013

ရင်ခုန်ရလွန်းလို့


ရေး - ငယ်ဆူးသစ်
ဆို - ဇော်ပိုင်

ငါမယုံကြည်မင်းလေး စိမ်းကားသွားတဲ့မျက်ဝန်း
ငါဟာအဆုံးသတ်မရတဲ့ ပေးဆပ်မှုတွေတသတ်လုံးပေါ့
ယုံကြည်ထားလိုက် တကယ်ပါမင်းလေးလှမ်းကြည့်လိုက်စမ်း

နာရီတွေ အဆိပ်တတ်အိပ်ပျက်ခဲ့တဲ့ ညဥ့်နက်တွေနဲ့
ရင်မှာဟောင်းနွမ်း တော့မယ့် မင်းရဲ့ အနမ်းတွေ ထားခဲ့ပြီး
ဘယ်မှာဆုံးမလဲ ဘယ်ရောက်သွားခဲ့သလဲ မင်းတွေးကြည့်စမ်း

ငါဘယ်လိုရှင်းပြခွင့်ရအုံးမလဲ အေးစက်သွား
အို နင့်ရဲ့အပြုံးတွေ ဟိုတုန်းက အချိန်တွေ ပြန်ရချင်တယ် ( အချိန်တွေ ပြန်ရချင်တယ် )
အချိန်တွေပြန်တမ်းတလို့

အိမ်မက်တွေတို့မှာ ကြယ်စင်များကဖေးမ (လရောင်မဲ့လို့ လွမ်းနေ )
ညတွေမဆုံးနိုင်ဒဏ်ရာတွေနဲ့ အလွမ်းတေးညည်းလို့
ကိုယ်မှာရင်ခုန် ရလွန်းလို့ရူးမှာပဲ

လှောင်ရယ်သံများနဲ့ ဟိုး  အဝေးဆုံးမှာကိုယ်တစ်ယောက်တည်း
ဘယ်လိုအစားထိုးပြီးတော့ မေ့ဖို့ခက်တယ် အတိတ်များနဲ့ ဒီပန်းချီကားလေး
အရောင်တွေဟောင်းခဲ့တော့ စွန့်ပစ်လိုက်စမ်း
ငါဘယ်လိုရှင်းပြခွင့်ရအုံးမလဲ အေးစက်သွား
အို နင့်ရဲ့အပြုံးတွေ ချိုမြိန်တဲ့ နှုတ်ခမ်းလေးပဲ လွမ်းနေလို့

အိမ်မက်တွေတို့မှာ ကြယ်စင်များကဖေးမ (လရောင်မဲ့လို့ လွမ်းနေ )
ညတွေမဆုံးနိုင်ဒဏ်ရာတွေနဲ့ အလွမ်းတေးညည်းလို့
ကိုယ်မှာရင်ခုန် ရလွန်းလို့ရူးမှာပဲ

2:59 AM 4/30/2013


No comments:

Post a Comment