Monday, April 29, 2013

အလွမ်းနဲ့အပြန်

ရေး - အငဲ

ဆို - အငဲ

လေမှာ ပျံ့လွင့် မင်းအသံရယ် ကိုယ်အိမ်အပြန်လမ်း လှမ်းမျှော်နေ
အလွမ်းမီးရဲ့ အပိုင်းအစ လောင်ကျွမ်းဆဲပေါ့
ဩော် ချစ်သူဆီ နောက်လှည့်မယ့် အပြန်လမ်း
အရင်လို ပင့်သက် နွေးနေသလို အရင်ကအနမ်း ထိတွေ့ဆဲ
ချစ်သူရဲ့ နှလုံးသား အနက်ရှိုင်းဆုံး အလွမ်း မင်းကိုယ့်ကို တမ်းတမိပြီလား
ကိုယ်ခြေလှမ်းတိုင်း အခု ရေး မင်းလေးဆီကို ချည်တဲ့ကြိုး
ဒီလမိုက်ည လမ်းပျောက်နေလည်း မင်းအလင်း လမ်းညွန်မှု

နင်ဟာ နွေးနေရောင်ခြည်ပါ/ခိုလှုံစရာ နေရောင်ခြည်ပါ
နင်ကြည်လင်စမ်း လေပြည် မင်းရှိမှ မင်း ငါ့ဘဝ
ကိုယ် မင်းရဲ့အဝေးမှာ အိပ်မက် မရှိတော့ပါ
တွေ့တဲ့အထိ မစောင့်နိုင် အိမ်ကို ပြေးလှမ်းနေတုန်း အလွမ်းများနဲ့

ဩော် မိုးသားများထဲမင်းအသံလေး ခေါ်ဆောင်ရာလမ်းလေးပြေးလာမယ်
အလွမ်းမီးတွေကြွေကျ တမြည့်မြည့် လောင်ကျွမ်း
ဩော် ချစ်သူဆီ နောက်ပြန်လှည့်ပြေးတဲ့ အပြန်လမ်း
(ကိုယ်မင်းရဲ့အဝေးမှာ) ကိုယ်နဲ့မင်း မဝေးရဲ အိပ်မက်မရှိသောဘဝ
တွေ့ထိတဲ့အထိ မစောင့်နိုင် အိမ်ကို ပြေးလှမ်းနေတုန်း
ရေး ကိုယ်အိမ်ပြန်ခဲ့ မင်းဆီ အလွမ်းတွေနဲ့လမ်း
ပြန်လာမယ် အလွမ်းတွေနဲ့လမ်း
ပြေးပြီးလှမ်းလာခဲ့မယ် ချစ်သူ့ဆီ ဩော်
ချစ်သူ့ဆီ အလွမ်းများနဲ့လေ အလွမ်းတွေနဲ့အပြန်

11:19 PM 4/29/2013

No comments:

Post a Comment